ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, July 10, 2012

ရခိုင်တွင် တက္ကသိုလ်များ ဇူလိုင် ၁၆ ရက်နေ့ ပြန်ဖွင့်မည်


From : The Voice
ဆူပူ အကြမ်းဖက်မှုများကြောင့် တစ်လကျော်ကြာ ပိတ်ထားရသော ရခိုင်ပြည်နယ်ရှိ တက္ကသိုလ်များကို ဇူလိုင် ၁၆ ရက်နေ့တွင် စတင် ဖွင့်လှစ်မည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေးဌာနမှ အတွင်းရေးမှူး ဦးဦးဝင်းမြိုင်က The Voice Weekly သို့ ပြောကြားသည်။
“တက္ကသိုလ် ကျောင်းသားတွေကလည်း ကျောင်းပြန်တက်ချင် နေကြပြီ။ အခြေအနေ ကလည်း တည်ငြိမ်လာပြီ ဖြစ်တဲ့အတွက် အမြန်ဆုံးဖွင့်နိုင်ဖို့ စီစဉ်တာပါ“ ဟု ၎င်းက ရှင်းပြသည်။
ရခိုင်ပြည်နယ်တွင် အခြေခံပညာ ကျောင်းများကို ဇူလိုင်လ ပထမအပတ်မှ စတင်ကာ ဖွင့်လှစ်နေပြီ ဖြစ်ပြီး အချို့ နေရာများတွင် မိဘများ၏ စိုးရိမ်ပူပန်မှုကြောင့် ကျောင်းလာတက်သော ကျောင်းသား ဦးရေ နည်းပါးနေကြောင်း ရခိုင်ပြည်နယ် ဒေသခံများထံ ဆက်သွယ် မေးမြန်းချက်အရ သိရှိရသည်။
ရခိုင်ပြည်နယ်တွင် ဆူပူ အကြမ်းဖက်မှုကြောင့် အခြေခံပညာ စာသင်ကျောင်းများ ယာယီ ပိတ်ထားခဲ့ရသော မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေ၊ ကျောက်တော်နှင့် သံတွဲမြို့တို့ရှိ အခြေခံပညာ စာသင်ကျောင်းများကိုလည်း ပြန်လည် ဖွင့်လှစ်ပြီး ဖြစ်ကြောင်း အဆိုပါ ဒေသခံများ ထံမှ သိရှိရသည်။

No comments:

Post a Comment