ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, July 10, 2012

ဒေါ်အောင်ဆန်းစုကြည် ငွေတိုးချေးစားမည်



ဒေါ်အောင်ဆန်းစုကြည်မှ ငွေတိုးချးစားမည်ဖြစ်ကြောင်း ဇူလိုင် (၅) ရက်နေ့ က ကော့မှူးမြို့မှာ ပြောကြားလိုက်ပါတယ်။ ယခုအချိန်ထိ ဒေါ်အောင်ဆန်းစုကြည်မှာ ဝင်ငွေ မှန်မှန် ရသည့် လက်ဆုတ်လက်ကိုင် ပြစရာ အလုပ်အကိုင် တစ်ခု မှ မရှိသော်လည်း ဘယ်ကနေ ဘယ်လိုမှန်းမသိတဲ့ ဝင်ငွေ များဝင်လျှက် ရှိတာကြောင့် လက်ဆုတ်လက်ကိုင် ပြစရာ အလုပ်တစ်ခု ရရှိရေးအတွက် အခုလို ငွေတိုးချေးစားမှာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒုတိယ သမ္မတ ဖြစ်ချင်နေသူဖြစ်ပြီး ဒုတိယ သမ္မတ ဖြစ်ရန်အတွက် စီးပွားရေး အမြင် ရှိရမည် ဟူသော အချက်ပါဝင်ခြင်းကြောင့် သူမရဲ့ စီးပွားရေး အမြင်ရှိကြောင်း သက်သေပြရန်အတွက် ငွေတိုးချေး စီးပွားရေးလုပ်ဖို့ အကောင်အထည်ဖော်လိုက်တာလို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ ၎င်း ရဲ့ စီးပွားရေး လုပ်ငန်းနဲ့ ပတ်သက်ပြီး ကော့မှူးမြိုနယ်တွင် ဆင်းရဲမွဲတေမှုများ အတွက် ဟု အကြောင်းပြချက်ပေးထားပေမယ့် မြန်မာတနိုင်ငံလုံး အတွက် မစဉ်းစားပဲ ၎င်း အားထောက်ခံ မဲပေးသူ များအတွက်ကိုသာ စဉ်းစားခြင်းကြောင့် လူအများက အပြစ်တင်ဝေဖန်လျှက် ရှိကြောင်း သိရပါတယ်။
မြန်မာနိုင်ငံတွင် လူဦးရေ သန်း ၆၄ သန်းကျော် ရှိပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ ကော့မှူးက လူဦးရေတစ်သိန်းကျော်ခန့် အတွက်ကိုသာ မျက်မှာနိုင်ငံသားချင်း အတူတူကို မျက်နှာလိုက်ပြီး လုပ်ပေးလျှက် ရှိတာကြောင့် လူထုတစ်ရပ်လုံးကလည်း မကျေမနပ် ဖြစ်နေကြကြောင်း သိရသည်။

ရခိုင်တိုင်းရင်းသားတို့ ဒုက္ခရောက်နေချိန်မှာလည်း ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြား က မြေးတွေဆီ သွားနေခဲ့ပြီး အခု လည်း ရခိုင်တိုင်းရင်းသား များကို ကူညီဖို့ လုံးဝ မစဉ်းစားပဲ
သူမကို ထောက်ခံသော ကော့မှူးသားတို့ကိုသာ ကူညီဖို့ ကြိုးစားနေကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment