ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Thursday, August 16, 2012

နိုင်ငံတကာ အာကာသစခန်း၏ ကမ္ဘာပတ်လမ်းကို မြှင့်တင်မည်

နိုင်ငံတကာအာကာသစခန်းသို့ အာကာသယာဉ်များ ဆိုက်ကပ်ရန်နှင့် အာကာသယာဉ်များ ဆင်းသက်ရေး အဆင်ပြေစေရန်အတွက် အဆိုပါအာကာသစခန်း၏ ကမ္ဘာပတ်လမ်းကို သြဂုတ် ၁၅ ရက် ညပိုင်းတွင်    မြှင့်တင် ခဲ့ကြောင်း ရုရှားအာကာသအေဂျင်စီ၏ ထိန်းချုပ်ရေး ဌာနက ပြောကြားခဲ့သည်။
ယင်းသို့မြှင့်တင်ရာတွင် နိုင်ငံတကာအာကာသစခန်းတွင် ဆိုက်ကပ်လျက်ရှိသည့် ဥရောပအာကာသ ယာဉ်အေဂျင်စီ၏ တတိယမြောက် ကုန်တင်အာကာသယာဉ် နိEdoardo Amald နှင့် ရုရှားအာကာသကုန် တင်ယာဉ် progress M -16M တို့၏ အင်ဂျင်များသည် အဓိကတွန်းအားပေးလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

၎င်းအာကာသယာဉ်များ၏အင်ဂျင်များကို သြဂုတ် ၁၅ ရက် ည ၈ နာရီ တွင် စတင်လုပ်ဆောင် မည်ဖြစ်ပြီး နိုင်ငံတကာ အာကာသစခန်းသည် ၁၈၇၆ စက္ကန့်အတွင်း ၇ ဒသမ ၇ ကီလို မီတာမြှင့် တင် ခဲ့ကြောင်း သိရသည်။

နိုင်ငံတကာအာကာသစခန်း၏ပတ်လမ်းကို အန္တရာယ်ကင်းစွာ ဆိုက်ကပ်နိုင်ရေးအတွက် ရုရှားနိုင်ငံ၏ ကုန်တင် အာကာသယာဉ်များနှင့် လူလိုက်ပါသည့် အာကာသယာဉ်များ မလွှတ်တင်မီ အဆိုပါအာကာသ စခန်းအား ပုံမှန်မြှင့်တင်မှု ပြုလုပ်လေ့ရှိကြောင်း သိရသည်။

No comments:

Post a Comment