ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Thursday, August 16, 2012

အိုလံပစ်အကြို ဝင်နွှဲ ခဲ့သော မြန်မာဆို င်းအဖွဲ့အာ ရှတူရိယာ သံစုံတီးဝိုင်း အဖြစ် ချီးကျူးခံရ


.
လန်ဒန်အိုလံပစ် အားကစား ပြိုင်ပွဲ အကြိုဖျော်ဖြေပွဲတွင် မြန် မာ့ဆိုင်းဝိုင်း ပါဝင်ဖျော်ဖြေ ခွင့်ရ ခဲ့ရာ ကမ္ဘာတွင် ပထမဆုံး ဆိုရ လောက်သော အာရှ တူရိယာ သံစုံ တီးဝိုင်း ဟု အများက အသိ အမှတ်ပြုခဲ့ကြောင်း ပါဝင် ဖျော်ဖြေခဲ့သော သီရိမောင်မောင် ဆိုင်းဝိုင်းမှ ဆိုင်းဆရာ သီရိမောင်မောင်က ပြောသည်။ ”မျှော်လင့်မထားမိ တဲ့ အရေး တစ်ခုပါပဲ။ တိုက်တိုက်ဆိုင်ဆိုင် ပါဝင်ခွင့်ရခဲ့တာကို အရမ်းဝမ်းသာမိပြီး မြန်မာ့ ဆိုင်းဝိုင်းကို ကမ္ဘာသိ  အောင် ဖျော်ဖြေခွင့်ရခဲ့တာကို အင်မတန်မှ ဂုဏ်ယူ ရပါတယ်” ဟု ၄င်းက ပြောသည်။ အဆိုပါ အိုလံပစ်အကြိုပွဲတွင် လန်ဒန်မြို့ ရှိ သိန်းမြစ် ကမ်းဘေးရှိ စတိတ်စင် ၆ ခုတို့တွင် မိတ်ဆက် တီးလုံး အနေဖြင့် မြန်မာစံတော်ချိန် တီးလုံးကို အခြားအာရှဂီတတူရိယာ များနှင့် တွဲဖက်ဖျော်ဖြေခဲ့ပြီး အခြား အာရှနိုင်ငံများမှ သီချင်း ၆ ပုဒ်ကို လည်း အတူ တွဲဖက်တီးမှုတ်ပေးခဲ့ ကြကြောင်းနှင့် ပရိသတ်များ အထူး စိတ်ဝင်စား အားပေးခဲ့ကြောင်း သိရသည်။ အဆိုပါပွဲတွင် မြန်မာ့ဆိုင်းဝိုင်း နှင့် စောင်းကို ဆိုင်းဆရာ သီရိ မောင်မောင်က တီးခတ်ခဲ့ပြီး ပတ္တလားကို သားဖြစ် သူ ဝေယံ မောင်မောင်က အတူတကွ တီးခတ်ဖျော်ဖြေခဲ့ ကြောင်း သိရသည်။ သီရိမောင်မောင် မင်္ဂလာဆိုင်း အဖွဲ့သည် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှ သာသနရံသီဝိဟာရ ဆရာတော် ဦးဥတ္တရ၏ ဗုဒ္ဓနေ့ပူဇော် ပွဲနှင့် ဒေါ်အောင်ဆန်းစုကြည်လန်ဒန်မြို့ သို့ ရောက်ရှိချိန် လန်ဒန်ရှိ မြန်မာ များနှင့် တွေ့ဆုံပွဲတွင် ဖျော်ဖြေ ရန်အတွက် ဖိတ်ခေါ်ခံ ရခြင်းဖြစ်ပြီး ဆရာတော်မှ မြန်မာ့ဆိုင်းဝိုင်း အနုပညာကို ကမ္ဘာက သိအောင် ထုတ်ဖော်ပြ သလိုသဖြင့် ပန်းချီ ကိုထိန်လင်းနှင့် တွေ့ဆုံ၍ လန်ဒန်ရှိ X index အဖွဲ့နှင့် ဆက်သွယ်ကာ ဖျော်ဖြေခွင့်ရရှိခဲ့ကြောင်း သိရသည်။

No comments:

Post a Comment