ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Thursday, August 16, 2012

ပြည်ပမှတင်သွင်းလာသည့် မည်သည့်ကားသစ်မဆို အင်္ဂလိပ်အက္ခရာနှင့်ဂဏန်း တပ်ဆင်ခွင့်ပြုမည်

”အခုတင်သွင်းလာတဲ့ ကားအသစ် Taxi တွေဆို အင်္ဂလိပ်အက္ခရာ AA နဲ့ အင်္ဂလိပ်ဂဏန်းတွေ တပ်ဆင်ပေးထားပါတယ်။ ကားသစ်တင်သွင်းလာတဲ့ ကားပိုင်ရှင်အနေနဲ့ ဆန္ဒရှိလို့ တောင်းဆိုမယ်ဆိုရင် ဘယ်ကားအမျိုးအစားမဆို အင်္ဂလိပ် အက္ခရာ၊ အင်္ဂလိပ်ဂဏန်းနဲ့ နံပါတ်တွေ ထုတ်ပေးဖို့ရှိပါတယ်။ အဲ… အင်္ဂလိပ် အက္ခရာနံပါတ်ရပြီးသား ကားတွေအနေနဲ့ကတော့ မြန်မာအက္ခရာနံပါတ် ပြန်ပြောင်းခွင့် မရှိတော့ပါဘူး။ ဒါကလည်း အတင်းအကျပ် စီမံချက်ရယ်လို့ မဟုတ်ပါဘူး။ ဆန္ဒရှိကြမှပါ”ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ကြားသိရသည်။မြန်မာအစိုးရလက်ထက်ကာလတစ်လျှောက် ယာဉ်များ၏ အက္ခရာနှင့်နံပါတ်များထုတ်ပေးရာ၌ မြန်မာအက္ခရာ၊ မြန်မာဂဏန်းများကိုသာ
အစဉ်အဆက်ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၂ ခုနှစ် ဇူလိုင်လမှစတင်ကာ ပြည်ပမှ တင်သွင်းသော Taxi များကို အက္ခရာ AA ၊ အင်္ဂလိပ်ဂဏန်းဖြင့် ပထမဦး ဆုံး ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။ ယခုအခါ လမ်းမကြီးများပေါ်၌ AA အက္ခရာအင်္ဂလိပ်နှင့် ဂဏန်းတပ် Taxi များ ပြေးဆွဲနေသည်ကို တွေ့မြင်ရသည်။
ကားပိုင်ရှင်များအနေဖြင့် မိမိကားကို မြန်မာအက္ခရာ၊ မြန်မာနံပါတ်မှ အင်္ဂလိပ် အက္ခရာ၊ အင်္ဂလိပ်ဂဏန်းသို့ ပြောင်းလဲလိုပါက မိမိကားဟောင်းကို အပ်နှံပြီး ကားအသစ်တစ်စီး ထပ်မံတင်သွင်းပြီးမှသာလျှင် ထိုကားကို ပြောင်းလဲတပ်ဆင် စီးနင်းနိုင်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရှိရသည်။

From -မြန်မာ့အလင်း

No comments:

Post a Comment