ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Thursday, August 16, 2012

ကချင်ပြည်နယ် ပူတာအိုမှာ ဒါတွေဖြစ်နေတယ်



ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်း ဆန်ဈေးကြီးနေမှုကို ဟန့်တားရန် အတွက်ကချင်ပြည်နယ် အစိုးရအဖွဲ့မှလေယာဉ်များဖြင့် ဆန်တင် ပို့ပေးနေကြောင်း သတင်းရ ရှိသည်။
ဇွန်လဆန်းမှစကာ ပူတာအို ခရိုင် ငါးမြို့နယ်သို့ သွားသည့်ဆက်သွယ်ရေး လမ်းကြောင်း မကောင်း တော့သည့်အတွက် ဆန်ဈေးများ စတင်မြင့်တက် ခဲ့ရာ ဇူလိုင်လ တွင် မြစ်ကြီးနား၌ တစ်အိတ်လျှင် ကျပ်သုံးသောင်းတန် ဆန်မှာ ပူတာအိုနှင့်မချမ်းဘောတို့တွင်ကျပ်ခုနစ်သောင်း အထိ ဈေးမြင့် တက်သွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ကချင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူက
ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၁၃ရက်နေ့အထိ ဆန်အိတ် ၁၄၃ဝပေးပို့ပြီးဖြစ်ကြောင်းပြောသည်။ တပ်မတော်(လေ)လေယာဉ် နှင့် မြန် မာ့လေကြောင်းမှလေယာဉ် များဖြင့် ကိုးကြိမ်တင်ပို့ခဲ့ပြီး မြို့နယ် ငါးမြို့နယ် တွင် တစ်အိတ်လျှင် အနိမ့်ဆုံးကျပ် ၁၉၅ဝဝမှ အမြင့်ဆုံး ကျပ် ၃၂၅ဝဝ ဈေးဖြင့် ရောင်းချ ပေးနေကြောင်း ၄င်းက ဆက်လက် ပြောသည်။ ”တပ်မတော်(လေ)က အခမဲ့ ပို့ပေးပေမယ့် မြန်မာ့လေကြောင်းက သယ်ယူ ခပေးရတော့ တွက်ချက် ပြီး ဈေးနှုန်းမများအောင်တော့ လုပ်ပေး ထား ပါတယ်” ဟု ကချင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ပြော သည်။ ကချင်ပြည်နယ် မြစ်ကြီးနားရှိ ဆန်ရောင်းဝယ် သူတစ်ဦးက မြစ် ကြီးနားတွင်ပါ တစ်အိတ်လျှင် ကျပ် ၂ဝဝဝ နီးပါးဈေးမြင့်နေကြောင်း၊ ပူ တာအို၊ မချမ်းဘောရှိ ဆန်ဈေးနှုန်း များမှာလည်း ယခုအချိန်အထိ မကျသေးကြောင်း ပြောသည်။”မိုးတွင်းဆိုတော့ လမ်းပန်း ဆက်သွယ်ရေး မကောင်းဘူးလေ။ ကားတွေလည်း မသွားကြဘူး။ နောက်ပြီး အဲဒီဒေသမှာ စပါးစိုက် ပေမယ့် သိပ်လည်း မထွက်တော့ ဈေးက တက်နေတာပေါ့”ဟု ၄င်း ကပြောသည်။ကချင်ပြည်နယ်အစိုးရ အဖွဲ့ အနေဖြင့် ပူတာအိုခရိုင် ဆန်ဈေး အခြေအနေကို ကြည့်နေကြောင်းနှင့် ဈေး အခြေအနေကို လိုက်ကာ ထပ်မံ တင်ပို့သွားရန် ရှိကြောင်းသိရသည်။
ယခင်လက ပူတာအိုမြို့ပေါ်နှင့် ကျေးရွာများတွင် ဆန်ပြတ်လတ်ခဲ့သဖြင့်  ကချင်တိုင်းရင်းသားများ ဆန်ပြုတ်၊နှင့် သစ်ဥ၊သစ်ဖုများကို ပြုတ်စားခဲ့ရသည်ဟုသိရပါသည်။
ကချင်ဒေသတွင် အစိုးရနှင့် KIA တို့အကြားတိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ဒေသခံပြည်သူများ အတိဒုက္ခရောက်နေရပြီး စစ်ဘေးရှောင်ကချင်ဒုက္ခသည်များလည်း ပိုမိုများပြားလျှက်ရှိကြောင်းသိရှိရသည်။
ဆက်စပ်သတင်း…
ပူတာအိုခရိုင်တွင် ဆန်ပြတ်လပ်မှုကြောင့် ဆန်ပြုတ်သာ သောက်သုံးနေရ
ကချင်နေစဉ်သတင်း
ကချင်ပြည်နယ် မြောက်ပိုင်းရှိ ပူတာအိုခရိုင်တွင် ဆန်ပြတ်လပ်မှုကြောင့် ဆန်ဈေးနှုန်းများလည်း အဆမတန် ထိုးတက်ပြီး ထမင်းအစား ဆန် ပြုတ်ကိုသာသောက်သုံးနေရသည်ဟု ပူတာအို ဒေသခံများပြောသည်။ ဆန်ပြတ်လပ်မှုကြောင့် အချို့ဒေသခံများသည် အဓိကအစားအစာမဟုတ်သော သရေစာများ ဆန်ပြုတ်များကို စားသုံးနေပြီး တချို့ဒေ သခံ များမူ အစားအစာပြတ်လပ်မှုကြောင့် ကျန်းမာရေးထိခိုက်ကာ သေဆုံးသူရှိလာကြောင်း ပူတာအိုမြို့ခံ ဆရာဖုန်ဆားရ် (Sara Hpung Sar) ကပြောသည်။ “ပြီးခဲ့တဲ့ အပတ်ဆိုရင် ၆ နှစ်အရွယ် ကလေးတစ်ယောက်သေသွားတယ်။ အဖေကရွှေမှော်သွား.. ကလေးကများ.. အမေက နေ့တိုင်းနေ့စား သွားလုပ်ပြီး ရတဲ့ပိုက်ဆံနဲ့ သူ့တို့ကို ဆန်ပြုတ်ပြုတ်ထားပေးပြီး နေ့စားပြန်သွားတယ်။ အဲဒါ ကိုကလေးအကြီးကောင်တွေပဲစားပြီး ကလေး ငယ်က သိပ်မစားရတော့ အဲလိုနဲ့ အစာငတ်ပြီး နေမကောင်းဖြစ်ပြီး သေသွားတာလေ။ အဲလိုမျိုးအစာငတ်တာကြောင့် အချို့က ထွက်ပေါက် ရှာ တော့တာလေ။ လီဆူးတွေ အများပိုင်းက တနိုင်းဘက်သို့သွားကြကုန်ပြီ” ဟု အထက်ပါဆရာကပြောသည်။ ပူတာအိုသို့ ဆန်တင်သွင်းနေရန် အစိုးရနှင့် ကချင် လွတ်မြောက်ရေးအဖွဲ့ KIO တင်းမာမှုကြောင့် လမ်းပမ်းဆက်သွယ်ရေးအခက်အခဲနှင့် KIA မှ ပူတာအိုဘက်ပို့မယ့်ရိက္ခာတွေကို ပိတ်ပင်တားဆီးမှုတွေလုပ်နေတာကြောင့် ဇူလိုင်လ ဆန်း ပိုင်းမှစ၍ ပိုမိုဆန်ပြတ်လပ်လာခြင်းဖြစ်ကြောင်းသိရသည်။ ပူတာအို ခရိုင်တွင် လီဆူးမဟုတ်တဲ့ ကချင်လူမျိုးစုငယ်များနေထိုင်ကြပါတယ်။
ဆန်ရှားပါးမှုကြောင့် ဆန်ဈေးနှုန်းများအဆမတန်ထိုးတက်နေပြီး ရောင်းသူမရှိဖြစ်နေသောကြောင့် အခက်ခဲကြုံနေ ရသည်ဟု ပူတာအိုမြို့ခံ ဆရာဖုန်ဆားရ် (Sara Hpung Sar) ပြောသည်။ “KIA ကမြစ်ကြီးနားက ဆန်တွေလည်း သယ်ခွင့် မပြုဘူးတဲ့။ ၁ အိတ် ၂ အိတ်ပဲ တင်ခိုင်းတာတဲ့ ဘာကြောင့် လဲဆိုတော့ အစိုးရတပ်တွေအတွက်ရိက္ခာတွေဖြစ်မှာစိုးလို့တဲ့၊ သယ်တဲ့ဆန်တွေကလည်း ဒေသခံတွေစားဖို့ဆန်ပါဘဲ အစိုးရတပ်တွေက သူ့လုံခြုံရေးနဲ့သူစားတဲ့ဆန်ကို သူ့ဘာသာထမ်းပြီးလာ ပါဘဲ။ အဲဒါကြောင့် ရှိတာလေးကိုပဲ လှည့်ပတ်စားနေရတယ်။ ရောင်းပေးတဲ့ သူတွေ တောင်မရှိဘူး။ တစ်ခါတလေ ဈေးမှာ ရောင်းပြီဆိုရင် အားလုံးလုပြီးယူကြတယ်။ အဲဒီမှာ မရလိုက်ရင်တော့ ဘယ်လောက်ဈေးကြီး ရင် လည်းတဆင့်သည်က ယူရပြီလေ။ တဆင့်သည် မဟုတ်ဘူး ဆိုရင် တပြည်ကို ကျပ် ၄၀၀၀ ဖြစ်တယ်။ တဆင့်သည်မှာဆိုရင် တပြည်ကို ကျပ် ၆၀၀၀၊ ၈၀၀၀ ပေးရတယ်။ ၈၀၀၀ နဲ့ဝယ်တာတောင် ရောင်း ပေးတဲ့သူမရှိဘူး။ တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်မေးပြီးတော့ ၀ယ်စားရတဲ့အချိန်လည်းရှိတယ်”ဟုပြောသည်။ဆန်ပြတ်လပ်မှုကြောင့် မြစ်ကြီးနားကနေတဆင့် ဆန်သယ်ယူလာသူများကိုလည်း လမ်းခရီးတွင် KIA စစ်သားများက စစ်ဆေးပြီး ဆန် အိတ် များကို သိမ်းယူထားသည်ဟု သတင်းများထွက် ပေါ်နေ သောကြောင့် ဒေသခံများဆန်သယ်ယူခြင်း မပြုလုပ်ရဲပဲဖြစ်နေသည်။ ဒါပေမယ့်လည်း အစိုးရတပ်တွေလာရင် သူတို့မှာပါလာတဲ့ဆန်တွေကိုတော့ ဒေသခံတွေကို သူတို့စား တဲ့အထဲကနေ ပြန်ပြီးတော့ခွဲပေးပါတယ်။ အခုတော့ ဒီဒေသကလူတွေက ပိုက်ဆံရှိလို့ ဆန်ဝယ်စားချင်တောင်မှ ၀ယ်စားစရာ ဆန်မရှိဘဲ အစိုးရတပ်တွေက ပေးတဲ့ဆန်ကိုဆန်ပြုတ် ပြုတ်စားနေရပါတယ်။ အဲဒါကြောင့် အစိုးရတပ်တွေဘဲ ခဏခဏ လာပါစေလို့ဆုတောင်းနေရတယ်လို့ဒေသခံတစ်ဦးမှပြောပါတယ်။ပူတာအိုဒေသတွင် ဒေသခံများသည် တောင်ယာ၊ လယ်၊ အသီးအနှံများ စိုက်ပျိုးခြင်းဖြင့် နယ်မြေထွက် ဆေးမြစ် များဖြင့် တူးဖော်ရောင်း ချ ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းနေသည်။ ပူတာအိုခရိုင်သည် ဆန်စပါးဖူလုံသော ဒေသဟု ပြောသော်လည်း ယခုနှစ်တွင်မူ အစိုးရနှင့် ကချင်လွတ် မြောက်ရေးအဖွဲ့ KIO တိုက်ပွဲများ ကြောင့် အခက်အခဲ အမျိုးမျိုး ရင်ဆိုင်နေရပြီး KIA ရဲ့ အဓိပ္ပါယ်မရှိတဲ့ လူမျိုးကြီးဝါဒစစ်ပွဲကြောင့် ကချင်ဒေသခံတွေ ဒုက္ခအမျိုးမျိုး ဖြစ်နေရတယ်လို့ ပြောသည်။

http://kachindailynews.blogspot.com/2012/07/blog-post_8924.html

No comments:

Post a Comment