ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Thursday, August 16, 2012

မြန်မာနိုင်ငံနှင့်တိုက်ရိုက်လေကြောင်းလိုင်းလေးခု အောက်တိုဘာလတွင် စတင်ပျံသန်းတော့မည်

မြန်မာနိုင်ငံနှင့်တိုက်ရိုက်လေကြောင်းလိုင်းလေးခုကိုအောက်တိုဘာလတွင်စတင်ပျံသန်းတော့မည်ဖြစ်ေ ကြာင်း သိ ရ သည်။
 

အဆိုပါ လေကြောင်းလိုင်းများမှာ အောလ်နိပွန်န်  (ဂျပန်လေကြောင်းလိုင်း)၊  ကေအီး (ကိုရီး ယားလေကြောင်း) ၊ကာတာ (ကာတာလေကြောင်း)၊ အီဗာ (ထိုင်ဝမ်လေကြောင်း) တို့ဖြစ်ပြီး လေယာဉ် လက်မှတ်များကို သြဂုတ်လ ၁၅ ရက်မှ စတင်ရောင်းချပေးနေပြီဖြစ်ကြောင်းသိရသည်။

အောနိပေါမှာ တစ်ပတ်လျှင် ၃ ရက် အောက်တိုဘာလ ၁၅ ရက်တွင်စတင် ပျံသန်းမည်ဖြစ်ပြီး မြန်မာနိုင်ငံ အတွက် Business Class ကိုသာရောင်းချသွားမည်ဖြစ်ကြောင်း၊ ကေအီးလေကြောင်းလိုင်းမှာ တစ်ပတ်လျှင် ၄ ရက် စက်တင်ဘာ ၁၃ ရက်တွင် စတင်ပျံသန်းသွားမည်ဖြစ်ကြောင်း၊ ကာတာလေကြောင်းလိုင်းမှာ တစ်ပတ်လျှင် ၃ ရက် အောက်တိုဘာလ ၄ ရက်တွင် စတင်ပျံသန်းသွားမည်ဖြစ်ကာ နိုဝင်ဘာလတွင်
နေ့စဉ်ပျံသန်းသွားမည်ဖြစ်ကြောင်း၊ အီဗာလေကြောင်းလိုင်းမှာ တစ်ပတ်လျှင် ၃ ရက် အောက်တိုဘာလ ၉ ရက်တွင် စတင်ပျံသန်းသွားမည်ဖြစ်ပြီး စတင်ပျံသန်းမည့်လအတွက် ပရိုမိုးရှင်းများရှိကြောင်းသိရသည်။

from-:popular

No comments:

Post a Comment