ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Thursday, August 16, 2012

ပြည်မြို့ဝေပုလ္လာရာ မကျောင်း ဆရာေ တ်ာကြီးအား မီးသဂြို လ်ခြင်းမပြု ဘဲ ဂူသွင်းသဂြိုလ်မည်

.
ဆရာတော်ဘုရား၏ ဆန္ဒအရ ဂူသွင်းသဂြိုလ်မှုကို သြဂုတ်လ ၂၆ရက်နေ့တွင် ဆရာတော်သတင်းသုံးရာ ဝေပုလ္လာရာမ ကျောင်းတိုက်တွင် ပြုလုပ်မည်ဟု ဆရာတော်ကျောင်းမှ ကပ္ပိယ တစ်ဦးကပြောသည်။
ဇူလိုင်လ ၂၅ရက်နေ့ ည ၁၁နာရီတွင် နှလုံးသွေးကြောကျဉ်းရောဂါဖြင့် ဘ၀နတ်ထံပျံလွန်တော်မူခဲ့သည့် ဆရာတော်ဘုရားကြီးအလောင်းအား မီးသဂြိုလ်ခြင်း မပြုဟု ၄င်းက ဆက်ပြောသည်။
“ဆရာတော် ဘုရားကြီးအရင်သတင်းသုံးခဲ့တဲ့ ကျောင်းဟောင်းလေးနားမှာပဲ အခု အုတ်ဂူလုပ်နေပါပြီ” ဟု
၎င်းကပင် ပြောသည်။
ပြည်မြို့ ဝေပုလ္လ ဆရာတော်မှာ သက်တော် ၆၈ နှစ်၊ သိက္ခာတော် ၄၈ ဝါ ရှိပြီး ပြည်မြို့ မင်းကြီးတောင်ခြေရှိ ဝေပုလ္လာ ရာမ ကျောင်းတိုက်တွင် သတင်းသုံးကာ သာသနာပြုနေသည်။၁၃ဝ၆ ခုနှစ် ဝါခေါင်လဆန်း ၁၅ ရက် ဗုဒ္ဓဟူးနေ့၌ ခမည်းတော် ဦးဒဟင်၊ မယ်တော် ဒေါ်ကြည်အေးတို့မှ မွန်ပြည်နယ်၊ ကျိုက် မရောမြို့နယ်၊ ညောင်ပင်ဆိပ်ကျေးရွာတွင် ဆရာတော်
လျောင်းလျာကို မွေးဖွားခဲ့ပြီး ငယ်မည်မှာ မောင်လွန်းခင် ဖြစ်သည်။ ၁၃၂၃ တပေါင်းလဆန်း ၈ ရက်နေ့ အသက် ၁၇ နှစ်သား အရွယ်၌ ပြည်မြို့တွင် စစ်အင်ဂျင်နီယာ တပ်ဗိုလ်မှူးကြီးမျိုးမြင့်နှင့် မိသားစု၏ ထောက်ပံ့မှုကို ခံယူကာ ရှင်သာမဏေ အဖြစ်သို့ ရောက်ရှိခဲ့ပြီး ၁၃၂၆ ခု၊ ပထမဝါဆိုလဆန်း ၃ ရက် နံနက် ၇ နာရီ ၁၅ မိနစ်တွင် ရန်ကုန်မြို့ ၉ ထပ်ကြီး၊ ဗားကရာတိုက်ပဋိယတ္တိတိုက်ခွဲ ဆရာတော် ဘဒ္ဒန္တကေသရအား သပဇ္ဈာယ်ပြု၍ ရှင်ရဟန်းအဖြစ် ခံယူခဲ့သည်။ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ သြစတြေးလျ၊ အင်ဒိုနီးရှား၊ ဟောင်ကောင် အစရှိသည့် ပြည်ပနိုင်ငံများနှင့် ပြည်တွင်းဒေသအနှံ့ သာ သနာပြုတော်မူခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းတိုင်းဒေသကြီး သံဃနာယကဥက္ကဋ္ဌ အဖြစ် ပျံလွန်တော်မမူမီအထိ တာဝန်ယူတော်မူ ခဲ့သည်။
ဆရာတော်မှာ လောကုတ္တရာ စာပေများအပြင် လောကီစာအုပ် များကိုပါ ရေး သား ပြုစုတော်မူခဲ့သည်။

No comments:

Post a Comment