ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Thursday, August 09, 2012

ကိုလူချောအဖွဲ့ကို ဆန်အိတ် ၁ဝဝ လှူခဲ့တဲ့ သူထူးစံ

လတ်တလောတွင် သူထူးစံက ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်ကူးသည့် ‘မျက်လုံး’ ဇာတ်ကားကို ရိုက်ကူးခဲ့ပြီး ဆက်လက်၍ ‘ခြေလှမ်း’ အမည်ရ
ကားကို ရိုက်ကူးနေကြောင်း ဆိုသည်။
အနုပညာ လောကသားများဖြစ်သည့် ကိုလူချောအဖွဲ့သားများကို သူထူးစံက ဒါရိုက်တာ ဝင်းထွန်းထွန်းနှင့်အတူ သြဂုတ်လ ၆ ရက် နံနက်တွင် ဆန်အိတ် ၁ဝဝ လှူဒါန်း ခဲ့သည်။ ”ကျွန်တော်တို့ လောကမှာရှိတဲ့ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဆရာသမားတွေလည်းပါတယ်။ အပေါင်းအသင်း တွေလည်းပါတယ်။ သူတို့ရဲ့ လိုအပ်ချက်တွေ ကို တတ်နိုင်သလောက်
တတ်နိုင်တဲ့ဘက်က ဖြည့်ဆည်းပေးတာပါ။ အိုဇုန်းလွှာပေါက်တာကို မဖာနိုင်ခင်မှာ ကိုယ့်ရဲ့ မိမိပတ်ဝန်းကျင်ကို စိမ်းလန်းအောင် လုပ်ပါဆိုတဲ့ စကားအတိုင်း တတ်နိုင်သမျှ အပင်လေး
တွေလည်း စိုက်တာပေါ့။ မင်းသား တွေလည်း ဒီလိုပဲတစ်လကို နှစ်ယောက်
တွဲစီ လှူဖို့အစီအစဉ်လေးတော့ ပြောထားပါတယ်။ ပွင့်ပွင့်လင်းလင်း ပြော
ရရင် အဓိက သရုပ်ဆောင်တွေ ဖြစ်တဲ့သူတွေတောင်မှ အခက်အခဲရှိပေမယ့် သူတို့တွေက ပိုဆိုးတာပေါ့။ ကိုယ် တတ်နိုင်တဲ့ ဘက်က ပံ့ပိုးကူညီတာပါ” ဟု သူထူးစံက ပြောသည်။

No comments:

Post a Comment