ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Thursday, August 09, 2012

ထိုင်း Vita စက်ရုံမှ့ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဖြေရှင်းတော့မည်

ထိုင်းနိုင်ငံ ပြည်သူ့ဝန်ထမ်း ဆက်ဆံရေးအဖွဲ့ (SERC) နှင့် ထိုင်းအလုပ်သမား ကြံ့ခိုင်ရေးကော်မတီ (TLSC) တို့ ပူးပေါင်း Vita အစားအသောက်ထုတ် စက်ရုံမှ ရွှေ့ပြောင်းလုပ်သားများ၏
အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှုများအား ကိုင်တွယ်ဖြေရှင်းသွားမည်ဟု သိရသည်။

ထိုင်းနိုင်ငံ ကန်ချနာဘူရီပြည်နယ် သမကခရိုင်ရှိ Vita အစားအသောက်လုပ်ငန်း စက်ရုံသုံးရုံတွင် မြန်မာရွှေ့ပြောင်းလုပ်သား(၇၀၀၀) ခန့် လုပ်ကိုင်နေကြပြီးလွန်ခဲ့သည့် လေးလခန့်မှစကာ တရားဥပဒေနှင့်အညီ ထိုင်းလုပ်သားများနှင့် တပြေးညီ လုပ်ခလစာရရှိရန်အတွက် ဆန္ဒပြ တောင်းဆုခြဲ့သော်လည်း ယခုအချိန်အထိ ပြေလည်တိုးတက်မှု မရှိသေးဘဲ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံနေရဆဲဖြစ်သည်။

၂၀၁၂ ခုနှစ် ဧပြီလ (၁၁) ရက်မှ စတင်ခဲ့သော ပြောင်းရွှေ့အလုပ်သမားတို့၏ ဆန္ဒပြမှုများမှာ လုပ်ခလစာနည်းပါးခြင်းနှင့် လုပ်ငန်းခွင် လုံခြုံစိတ်ချမှု မရှိခြင်းတို့ကြောင့်ဖြစ်ပြီး ဆန္ဒပြမှုကြောင့် Vita အစားအစာလုပ်ငန်းစက်ရုံရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးများကို ချိုးဖောက်ခံနေရခြင်း၊ မမျှမတဆက်ဆံခံနေရခြင်းတို့ကို ပြည်သူတို့က သိရှိခဲ့ရသည်။

ထို့ကြောင့် ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးကို ကာကွယ်ရေးအတွက် SERC နှင့် TLSC တို့ ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ပြီး Vita အစားအသောက်လုပ်ငန်းစက်ရုံမှ ရွှေ့ပြောင်းမြန်မာ အလုပ်သမားများအရေးကို လုပ်သားများနှင့် အသေးစိတ်ပူးပေါင်းဖြေရှင်းသွားမည်ဟု သိရသည်။

Popular Myanmar News Journal


http://feeds.feedburner.com/thithtoolwin/yIWV

No comments:

Post a Comment