ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Thursday, August 09, 2012

၀၉-၀၈-၂၀၁၂ ရက်နေ့ လွှတ်တော်တွင်းမှ သတင်းများ စုစည်းဖေါ်ပြခြင်း


အိမ်နီးချင်းနိုင်ငံများမှ လူမျိုးခြားများ နိုင်ငံတွင်း ၀င်ရောက်နေခြင်း၊ မသမာသောနည်းဖြင့် နိုင်ငံ သား စိစစ်ရေးကတ်များ ကိုင်ဆောင်ခြင်း ကို စီမံချက် ချမှတ် အရေးယူရန် အဆိုအား မဲခွဲဆုံးဖြတ် ရာတွင် ရှုံးနိမ့်ခဲ့

အိမ်နီးချင်းနိုင်ငံများမှ လူမျိုးခြားများ မြန်မာနိုင်ငံအတွင်း စိမ့်ဝင်ရောက်ရှိနေခြင်း၊ မသမာသော နည်းလမ်း များဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားခြင်းများကို ဥပဒေစိုးမိုးရေးအတွက် အမျိုးသားရေး တာဝန်အဖြစ် အထူးစီမံချက်တစ်ရပ် ချ မှတ်ဖော်ထုတ် အရေးယူဆောင်ရွက်ရန်အဆိုအား သြဂုတ်လ ၈

ရက်နေ့က အမျိုးသားလွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာတွင် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

ယင်းအဆိုအား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက''အိမ်နီးချင်းနိုင်ငံများက လူမျိုးခြားများ စိမ့်ဝင်ရောက်ရှိနေခြင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မသမာသော နည်းလမ်းများဖြင့် ရယူ ကိုင်ဆောင်ထားခြင်းဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ လူဦးရေ အများဆုံး နိုင်ငံနှစ်ခုကြားမှာ ရှိပါ တယ်။ အနောက်ဘက် မှာဆိုရင် လူဦးရေ သန်း ၂၀၀ နီးပါးရှိပြီး လူဦးရေပေါက်ကွဲမှုတွေနဲ့ ကြုံတွေ့နေရတဲ့ နိုင်ငံနဲ့လည်း နယ်နိမိတ်ချင်း မိုင်ပေါင်းရာချီ ထိစပ်နေတဲ့ နိုင်ငံနဲ့လည်း ထိစပ်နေပါတယ်။ မြန်မာနိုင်ငံရဲ့ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းမှာ လူမျိုးခြားတွေ ၀င်ရောက်နေပါတယ်။ အနောက်ဘက်မှာလည်း သူတို့
နိုင်ငံရဲ့ အကျယ်အ၀န်းနဲ့ မမျှတဲ့အတွက် လူမျိုးခြားတွေ စိမ့်ဝင် လာနေတာကို စိုးရိမ်ဖွယ် တွေ့ရပါတယ်။ နိုင်ငံသား ဥပဒေ တွေလည်း ရှိပါတယ်။ တရားမ၀င် ၀င်ရောက် လာတာတွေ၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေ
တွေနဲ့ မညီညွတ် တာတွေအပြင် သူတို့ရဲ့ မျိုးဆက်တွေ ဟာ နိုင်ငံသား စိစစ်ရေး ကတ် ကိုင်ထားတာ တွေ့ရပါတယ်။ အကျင့်ပျက်၊ ခြစားကာ တိုင်းပြည်ရဲ့ မျက်နှာ မထောက်တဲ့ အကျင့်ပျက် ၀န်ထမ်းတွေရဲ့ လုပ်ရပ်တွေကြောင့် ဖြစ်ခဲ့ ရတာတွေကို တွေ့နေ ရပါတယ်။ နိုင်ငံသား စိစစ်ရေး ကတ်မှာ အချက် အလက်
တွေ အကုန် မထည့်ဘဲ ထုတ်ပေး ရတာတွေ ရှိပါတယ်။ ရခိုင်မှာ ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ် မှာ မငြိမ်မသက်ဖြစ်
စေဖို့ ပြုလုပ် ခဲ့တဲ့ သာဓကတွေ ရှိပါတယ်။ တရားမ၀င် စိမ့်ဝင် လာတာတွေ၊ စိစစ်ရေး ကတ် ကိုင်ထားတာ
တွေ၊ လူမျိုးခြား တွေကို အရေးယူ ပေးဖို့ အချိန်ရောက်နေပါပြီ''ဟု တင်သွင်း ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အဆိုကို မကွေးတိုင်းဒေသကြီး မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးလှဆွေက ''ဒီအဆိုကို ပုဒ်မ ၁၄၄ ရုပ်သိမ်းပြီး မှ ဆွေးနွေး သင့်တယ်လို့ ထင်ပါတယ်။ လတ်တလော ဆွေးနွေးရင် မီးလောင်ရာ လေပင့် သလို ဖြစ်နေပါတယ်။ မတည်ငြိမ်၊ ဆူပူမှုတွေ ဖြစ်နိုင်ပါတယ်။ မနေ့ ကပဲ ကျောက်တော်မှာ မီးရှို့မှု ဖြစ်သွား ပါတယ်။ တပ်မတော်နဲ့ ရဲ နဲ့ပဲ အလုပ် ရှုပ်ပါတယ်။ အဆိုမှာ ပါတဲ့ အလုပ်က အခုမှ လုပ်ဆောင် သင့်တာ မဟုတ်ပါဘူး။ အမြဲတမ်း ပုံမှန် လုပ်ဆောင်သင့်တဲ့ ကိစ္စတစ်ခုပါ။ ဆူပူမှု အကဲဆတ်နေတဲ့အချိန်ဖြစ်
လို့  လွှတ်တော် အနေနဲ့ မဆွေးနွေး သင့်သေးဘူး လို့ ကျွန်တော်ထင်ပါတယ်။ လတ်တလောမွတ်စလင်နိုင်ငံ
တွေက စောင့်ကြည့် နေတာ ကိုလည်း ကျွန်တော်တို့ ခံနေရပါတယ်။ ဒါကြောင့် လတ်တလော ဆွေးနွေးဖို့ အချိန်စောနေ ပါသေးတယ်''ဟု ထောက်ပြဆွေးနွေးခဲ့သည်။

အဆို ကိုကန့်ကွက်သည့် လွှတ်တော် ကိုယ်စားလှယ် ရှိသည့်အတွက် မဲခွဲ ဆုံးဖြတ်ရာတွင် ထောက်ခံသူ ဦးရေ ၄၀ ဦးမပြည့်သ ည့်အတွက် ယင်းအ ဆိုကို အမျိုးသားလွှတ်တော် တွင် လက်ခံဆွေးနွေးရန် မရှိ
ကြောင်း ဆုံးဖြတ်ခဲ့သည်။

---------------------------------------------------------------------------------------------------------------
ယနေ့ (သြဂုတ်လ ၉ ရက်နေ့) တွင် ကျင်းပမည့် အမျိုးသား လွှတ်တော် အစည်းအဝေး၌ အောက်ပါ အကြောင်းအရာများကို ဆွေးနွေးကြမည် ဖြစ်ပါသည်။

(၁) ပုဂ္ဂလိက စက်သုံးဆီဆိုင် ၃၉၁ ဆိုင် ဖွင့်လှစ်၍ ရောင်းဝယ်မှုနှင့် ပတ်သက်ပြီး နိုင်ငံတော်အတွက် အခွန်မည်မျှ ထမ်းဆောင်နိုင်ခဲ့သည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်းကို မေးမြန်းခြင်း။

(၂) မြန်မာနိုင်ငံမှ နိုင်ငံခြား တိုင်းပြည်များသို့ သွားရောက် အလုပ် လုပ်ကိုင်နေကြသော မြန်မာရွေ့ပြောင်း အလုပ်သမားများ၏ ဘ၀လုံခြုံမှုအတွက် နိုင်ငံတော်မှ စီစဉ် ဆောင်ရွက် ပေးသွားမည့် အစီအစဉ်ကို သိရှိ လိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်းကို မေးမြန်းခြင်း။

(၃) အမျိုးသားလွှတ်တော် သတ္တုနှင့် သယံဇာတ ရေးရာ ကော်မတီက ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား တင်သွင်းခြင်း။

(၄) နိုင်ငံတကာတွင် စီးပွားရေး လက်ဝါးကြီးအုပ်မှုမျိုးကို တားဆီရန်အတွက် ယှဉ်ပြိုင်မှု ဥပဒေနှင့် ယှဉ်ပြိုင်မှု မူဝါဒများကို စတင်ရေးဆွဲ ဆောင်ရွက်သင့်ကြောင်း ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော် ကိုယ်စားလှယ် (၅) ဦးက ဆွေးနွေးခြင်း၊ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်က ပြန်လည် ဖြေရှင်းဆွေးနွေးခြင်း၊ အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

(၅) နိုင်ငံတော်သည် အမျိုးသားစီးပွားရေး တိုးတက်ဖွံ့ဖြိုးရေးအတွက် သမ၀ါယမ အဖွဲ့အစည်းများကို စီးပွားရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခွင့် ပြုထားပါသဖြင့် စိုက်ပျိုးရေး သမ၀ါယမ အသင်းများ အတွက် ဥပဒေသစ် ရေးဆွဲရန် တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ဆွေးနွေးခြင်း၊ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်က ပြန်လည် ဖြေရှင်း ဆွေးနွေးခြင်း၊ အမျိုးသား လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

(၆) ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အခြေခံဥပဒေ ပုဒ်မ ၉၆ ကို ရည်ညွှန်းထားသည့် ပြည်ထောင်စု ဥပဒေပြု စာရင်းဇယား (၁) တိုင်းဒေသကြီး ပြည်နယ်တို့မှ ထုတ်လုပ်ထွက်ရှိသော စီးပွားရေး အကျိုးအမြတ် ရလဒ်များအား အနည်းဆုံး ၂၅ ရာခိုင်နှုန်း ကို တိုင်းဒေသကြီး ပြည်နယ် အစိုးရတို့ကို ခွဲဝေပေးရေး ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို တင်သွင်းခြင်း၊ လက်ခံ ဆွေးနွေးရန် သင့် မသင့် အဆုံးအဖြတ် ရယူခြင်း။
-------------------------------------------------------------------------------------------------------------
အစိုးရ အဖွဲ့ဝင်များ ၏ ပစ္စည်း နှင့် အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာပြီး မှတ်တမ်း တင်ထားရန်အဆို အတည်မဖြစ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် တင်သွင်းသည့် Good governance(ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Clean government (သန့်ရှင်းသောအစိုးရ)ဖြစ်ပေါ်စေ
ရေးအတွက် ပြည်ထောင် စု အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ် အစိုးရ အဖွဲ့ဝင်များ အဖြစ် တာဝန်ပေးအပ် ခံရသူများသည် ၎င်းတို့ ၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်း
နှိုင်သော ပစ္စည်း နှင့် အကျိုးစီးပွား များကို ထုတ် ဖော်ကြေညာပြီး မှတ်တမ်း တင်ထားရန်'' အဆိုကို မဲခွဲ ဆုံးဖြတ်ရာ ကန့်ကွက်မဲ များသဖြင့် လွှတ်တော် မှ အတည်မပြု ကြောင်း သြဂုတ်လ ၈ ရက်နေ့ တွင် ကျင်းပသည့် ပထမ အကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း က ပြောကြားခဲ့သည်။

အဆိုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြစ်သည့် ဦးစိန်ဝင်း(မအူပင် မဲဆန္ဒနယ်)၊ ဦးကျော်မင်း(လက်ပံတန်း မဲဆန္ဒနယ်)၊ ဒေါ်ဖြူဖြူသင်း(မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ်)၊ ဦးကျော်မြင့် (မြန်အောင်မဲဆန္ဒနယ်)၊ ဒေါ်မြင့်မြင့်စန်း (၀ါးခယ်မမဲဆန္ဒနယ်)၊ ဒေါက်တာဇော်မြင့်မောင် (ကျောက်ပန်းတောင်း မဲဆန္ဒနယ်)၊ ဒေါက်တာမျိုးအောင်(ဒဂုံမြို့သစ်ဆိပ် ကမ်းမဲဆန္ဒနယ်)တို့မှ ထောက်ခံ
ဆွေးနွေးခဲ့ပြီး တပ်မတော်သား ကိုယ်စားလှယ် များဖြစ်သည့် ဗိုလ်မှူးကြီး ခင်မောင်ထွန်း နှင့်ဗိုလ်မှူးကြီး
အောင်မြင့် ပြန်လည်သုံးသပ်ရန် ဆွေးနွေးခဲ့သည်။ ထို့နောက် ကျားဖြူပါတီ မှ ဒေါက်တာစိုင်းကျော်အုန်းနှင့် အမျိုးသားဒီမိုကရေစီ အင်အား စုပါတီ မှ ဦးစိုးဝင်း နှင့် ဦးအောင်ဇင် က ပြန်လည်ပြင်ဆင် တင်သွင်းရန် ဆွေးနွေးခဲ့ကြသည်။အဆိုကို ထောက်ခံ ဆွေးနွေးသည့် ကိုယ်စားလှယ်များ မှ ပြောကြားရာတွင် အစိုးရအဖွဲ့ ၏ ပိုင်ဆိုင်မှုများ ဖော်ထုတ်မှုမှာ ဒီမိုကရေစီနိုင်ငံများ ၏ အလေ့အထ ဖြစ်ကြောင်း၊ ဒီမိုကရေစီ နိုင်ငံသည် ပွင့်လင်း မြင်သာမှု အားကောင်းရန် လိုအပ်ကြောင်း၊ နိုင်ငံတကာ တွင် လက်ဆောင် ပေးမှုမှတစ်ဆင့် လာဘ်ပေး လာဘ်ယူ မှု မဖြစ်ပေါ်စေရန် လက်ဆောင်ပေး မှု အတိုင်းအတာ ပမာဏ(Gift Limit)ကို သတ်မှတ်ပေးထားကြောင်း၊ မြန်မာနိုင်ငံတွင်လည်း အခြားနိုင်ငံများနည်းတူ သတ်မှတ်ပေးရန် လိုကြောင်း ဆွေးနွေးခဲ့ကြသည်။


Eleven Media Group
======================================================


ယနေ့ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုထ္ထပုံမှန် အစည်းအဝေး ၂၂ ရက်မြောက်နေ့တွင် ဟင်္သာတ မဲဆန္ဒနယ်မှ ဦးဌေးဦး၏ `နိုင်ငံရပ်ခြားတွင် သွားရောက်အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံ သား ရွှေ့ပြောင်းလုပ်သား (Migrant Workers) များအတွက် ဘ၀အာမခံချက် လုံခြုံမှု ရရှိရေးအတွက် Migration Policy ချမှတ်ဆောင်ရွက်နိုင်ပါရန်´ အဆိုကို လွှတ်တော်ကိုယ်စားလှယ် ၂၀ ဦးကဆွေးနွေးမည်
ဖြစ်သည်။

အလားတူ အမျိုးသား လွှတ်တော်တွင်လည်း ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၅ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းနောင် ကလည်း မြန်မာရွှေ့ပြောင်း အလုပ်သမား များ၏ ဘ၀လုံခြုံမှု အတွက် နိုင်ငံတော်မှ စီစဉ်ဆောင်ရွက်ပေးမည့် အစီအစဉ်ကို သိရှိလိုခြင်းနှင့် စပ်လျင်းသည့် မေးခွန်းအား မေးမြန်းရန် အစီအစဉ်ပါရှိကြောင်း သတင်းရရှိသည်။

7Day News Journal

No comments:

Post a Comment