ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Thursday, August 09, 2012

အင်ဒိုနီးရှားလွှတ်တော်က မြန်မာ နိုင်ငံသို့ကိုယ်စားလှယ် အဖွဲ့စေလွှတ် ရန်ရှိ (ဘယ်သူတွေဖွတာလဲ?)

အင်ဒိုနီးရှားနိုင်ငံ House of Representative ဥက္ကဋ္ဌ Marzuki Alie က Houseသည် မြန်မာနိုင်ငံမှ ရိုဟင်ဂျာများ ထိခိုက်ပျက်စီးအောင် လုပ် ဆောင်နေသော လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များကို ကြည့်ရှုရန် မြန်မာနိုင်ငံသို့ ကိုယ်စားလှယ် အဖွဲ့တစ်ခု စေလွှတ်နိုင်ကြောင်း ပြောသည်။
“ကျွန်တော်တို့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ဖို့ စဉ်းစားနေပါတယ်။ ကျွန်တော်ဟာ House က နိုင်ငံခြားရေးရာ ကော်မရှင်နဲ့ ဒီကိစ္စစကားပြောဖို့ ရှိပါ တယ်” ဟု Marzuki က ပြောကြားခဲ့မှုအား
tribunnews.com က ကိုးကားဖော်ပြခဲ့သည်။
Marzuki ကပြောကြားရာတွင် အင်ဒိုနီးရှားသည် ကမ္ဘာပေါ်တွင် မွတ်ဆလင်လူဦးရေ အများဆုံးရှိသည့် နိုင်ငံဖြစ်သည်နှင့်အညီ ရိုဟင်ဂျာကိစ္စကို တိုက်ပွဲဝင်ရန် တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။
“မွတ်ဆလင် အသိုင်းအဝိုင်း အနေနဲ့ သူတို့အတွက် တိုက်ပွဲဝင် ပေးရပါမယ်။ ဒါမှသာ ကမ္ဘာပေါ်က အဖွဲ့အစည်းတွေ ဝင်လာနိုင်မှာဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

No comments:

Post a Comment