ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Thursday, August 09, 2012

၂၀၁၂ ခုနှစ် သြဂုတ်လ ဒုတိယ ၁၀ ရက်ပတ်အတွက် မိုးလေ၀သနှင့် ဇလဗေဒ ခန့်မှန်းချက်


from: mwdmedia  

ဘင်္ဂလား ပင်လယ်အော် အခြေအနေ
        ဘင်္ဂလား ပင်လယ် အော်တွင် လေဖိ အားနည်း ရပ်ဝန်း (၁)ကြိမ် ဖြစ်ပေါ် နိုင်သည်။ ကပ္ပလီ ပင်လယ်ပြင် နှင့် ဘင်္ဂလား ပင်လယ် အော် တို့တွင် မုတ်သုံလေ အား အသင့် အတင့်မှ အားကောင်း နိုင် သည်။
မိုးအခြေအနေနှင့် မိုးရွာရက်
ဧရာဝတီ တိုင်း ဒေသကြီး၊ ကချင် ပြည်နယ်၊ ကရင် ပြည်နယ် နှင့် မွန်ပြည်နယ် တို့တွင် ရွာသွန်းမြဲ ထက်ပို ပြီး စစ်ကိုင်းတိုင်း ဒေသကြီး အောက်ပိုင်း၊ မန္တလေး တိုင်း ဒေသကြီး နှင့် မကွေး တိုင်း ဒေသကြီး တို့တွင် ရွာသွန်းမြဲ အောက် လျော့ကာ ကျန် တိုင်း ဒေသကြီး နှင့် ပြည်နယ် တို့တွင် ရွာသွန်းမြဲ ခန့် ရွာနိုင်သည်။

ဧရာဝတီ တိုင်း ဒေသကြီး၊ ကချင် ပြည်နယ်၊ ကရင် ပြည်နယ် နှင့် မွန် ပြည်နယ် တို့တွင် ၇ ရက်မှ ၉ ရက်ခန့်၊ စစ်ကိုင်း တိုင်း ဒေသကြီး အောက်ပိုင်း၊ မန္တလေး တိုင်း ဒေသကြီး နှင့် မကွေး တိုင်း ဒေသကြီး တို့တွင် ၃ ရက်မှ ၄ ရက်ခန့် နှင့် ကျန် တိုင်း ဒေသကြီး နှင့် ပြည်နယ် တို့တွင် ၅ ရက်မှ ၆ ရက်ခန့် ရွာသွန်း နိုင်သည်။

မြစ်ရေအခြေအနေ
ဧရာဝတီ မြစ်ရေ သည် မြစ်ကြီးနား မြို့၊ ဗန်းမော်မြို့ နှင့် ကသာမြို့ တို့တွင် (၁၂၀) စင်တီ မီတာ (၄ ပေခန့်)၊ မန္တလေးမြို့ နှင့် စစ်ကိုင်းမြို့ တို့တွင် (၆၀) စင်တီ မီတာ (၂ပေခန့်) လက်ရှိ ရေမှတ် များ၏ အထက် မြင့်တက် လာနိုင်ပြီး ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင် လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့ နှင့် ဇလွန်မြို့ တို့တွင် (၆၀) စင်တီ မီတာ (၂ပေခန့်) လက်ရှိ ရေမှတ် များ ၏ အောက် ကျဆင်း နိုင်သည်။

ချင်းတွင်း မြစ်ရေ သည် ခန္တီးမြို့ နှင့် ဟုမ္မလင်းမြို့ တို့တွင် (၁၂၀) စင်တီ မီတာ (၄ ပေခန့်)၊ မော်လိုက်မြို့၊ ကလေးဝမြို့ နှင့် မုံရွာမြို့ တို့တွင် (၉၀) စင်တီ မီတာ (၃ ပေခန့်) လက်ရှိ ရေမှတ် များ၏ အထက် မြင့်တက် လာနိုင် ကြောင်း မိုးလေ၀သ နှင့် ဇလဗေဒ ညွှန်ကြားမှူး ဦးစီးဌာနက သတင်း ထုတ်ပြန် ထားသည်။

No comments:

Post a Comment