ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Thursday, August 09, 2012

၈၈ ကျောင်းသားများ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်း၏ မြစ်သားမြို့လူထူဆွေးနွေးပွဲကို ၄င်းမြို့ရှိ လုပ်အားကြေးမုံခန်းမတွင် ကျင်းပ

၈၈ ကျောင်းသားများ ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့စည်း ၏ မြစ်သားမြို့လူထူဆွေးနွေးပွဲကို ၄င်းမြို့ရှိ လုပ်အားကြေးမုံ ခန်းမတွင် ယနေ့နံနက်(၉)နာရီ မှ စတင်ကာ ကျင်းပလျက်ရှိနေကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲတွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင် မှ ငြိမ်းချမ်းရေး နှင့် ပွင့်လင်း
လူ့အဖွဲ့အစည်း အကြောင်း ဟောပြောခြင်း၊ မနီလာသိန်း၊ မမီးမီး၊ မယုယုလှိုင်၊ တို့ မှလည်း ဟောပြောခြင်း

များပြုလုပ် မည်ဖြစ်ပြီး၊ ပြည်သူလူထု နှင့်ဆွေးနွေးခြင်း၊ အစီအစဉ် များလည်း ပြုလုပ်မည်ဖြစ်သည်။

ယင်းအခမ်းအနားတွင် စမာရေလွှဲဆည် ဖျက်သိမ်းပေးရန် ဆန္ဒပြု လတ်မှတ်ထိုးခြင်း ကိုလည်း ပူးတွဲပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။။

ဦးမင်းကိုနိုင် နှင့်အဖွဲ့သည် မြစ်သားမြို့ သို့ ယမန်နေ့ ညနေ(၆)နာရီ ၀န်းကျင် ကရောက်ရှိခဲ့ပြီး ယင်းမြို့တွင် တညနားခဲ့သည်။ ယခု အခမ်းအနားပြီးလျှင် စစ်ကိုင်း၊မုံရွာမြို့များသို့ ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။


သတင်း
7Day News Journal

No comments:

Post a Comment