သမ္မတကြီး ဦးသိန်းစိန်ရဲ့ အစိုးရသစ်အဖွဲ့မှာ ဒုသမ္မတ
တစ်ယောက်အနားယူသွားလို့ တစ်နေရာ လစ်လပ်နေတာ အခုဆိုရင်
တစ်လကျော်ရှိသွားပါပြီ။ အဲဒီဒုသမ္မတက စစ်တပ်ကိုယ်စားပြု စစ်တပ်က
ရွေးချယ်ပေးထားတဲ့ တစ်ချိန်က ဗိုလ်ချုပ်ကြီးရာထူးယူထားတဲ့
ဦးတင်အောင်မြင့်ဦးဖြစ်ပါတယ်။
မထင်မှတ်ဘဲ
ကျန်းမာရေးအခြေအနေကြောင့် အနားယူသွားလို့ သူ့နေရာကို စစ်တပ်ကတစ်ယောက်
ရွးချယ်ပေးဖို့ရှိနေပြီး တပ်မတော်တာဝန် ထမ်းဆောင်ခဲ့သူ (သို့)
လက်ရှိတပ်မတော်မှာ တာဝန် ထမ်းဆောင်နေသူတွေထဲက
တစ်ယောက်ယောက်ဖြစ်လာဖို့ရှိနေပါတယ်။
လစ်လပ်နေတဲ့
ဒုသမ္မတတစ်နေရာနဲ့ ပက်သက်ပြီးတော့လည်း လွှတ်တော်၊ ကိုယ်စားလှယ်တွေ နဲ့
နိုင်ငံရေးပါတီတွေ၊ ပြည်သူတွေကြားမှာ ပြောဆိုနေကြတာတွေ
ထင်ကြေးနဲ့ရွေးချယ်ပေးနေကြတာတွေ၊ ကိုယ့်အကြိုက်နဲ့ကိုယ် ဖြစ်စေချင်နေတာတွေ
ရွေးချယ်ပေးနေကြတာတွေကို ကြားနေ သိနေရပါတယ်။
ပထမတုန်းက
ကြားရတာကတော့ ဒုဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်တဲ့
ရန်ကုန်းတိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေကို တပ်မတော်သားကိုယ်းစားလှယ်
ဒုသမ္မတအဖြစ် လွှတ်တော်မှာအဆိုပြုထားတယ်လို့ ကြားသိရ ပါတယ်။ ဒါပေမယ့်လည်း
နောက်ပိုင်းမှာတော့ သူ့နာမည်လည်း ငြိမ်ချက်သားကောင်းနေပါတယ်။
အခုတစ်ဖန်
နောက်ထပ် ဒုသမ္မတဖြစ်နိုင်ချေရှိတဲ့လူတွေကို လွှတ်တော်ထဲမှာ တီးတိုးပြောနေသံ
ကြားနေရပါတယ်။ သူတို့တွေကတော့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး
ဥာဏ်ထွန်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊
ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကိုကိုနှင့် ရွေးကောက်ပွဲဥက္ကဌ
ဦးတင်အေးတို့ဖြစ်ပါတယ်။
သင်ရော ဘယ်သူ့ကို ရွေးချယ်ချင်ပါသလဲ?
From- amayeainn.blogspot.com
No comments:
Post a Comment