ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, August 12, 2012

စားသောက်ဆိုင်များနှင့် ဘီယာဘားများတွင် သုံးနိုင်သည့် Restaurant Master ဆော့ဖ်ဝဲ ထွက်ရှိ

ဆော့ဖ်ဝဲခွေကို ဈေးကွက်တွင်း၌ ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ဆော့ဖ်ဝဲကို Excellent Software  & Game ဈေးကွက်ဖြန့်ချိခြင်း ဖြစ်ပြီး ယခင်ထွက်ရှိခဲ့ သည့် ဈေးရောင်းချမှု ဆိုင်ရာ ဆော့ဖ်ဝဲများဖြစ်သော Mini Seller နှင့် Super Market Manager တို့ကဲ့ သို့ပင် လူတိုင်း အသုံးပြု နိုင်ရန် အရိုး ရှင်းဆုံး ဒီဇိုင်း ရေးဆွဲထားကြောင်းသိရသည်။
မိမိဆိုင်အခြေအနေအလိုက် အခန်းများနှင့် စားပွဲဝိုင်း အရေအတွက်၊ ဟင်းလျာအမည်များ၊ အစားအစာများနှင့် အဖျော်ယမကာများ စသည်တို့ကို စိတ်ကြိုက် Setting များချိန်ညှိ၍
ခွဲခြားစာရင်းသွင်းနိုင်ပြီး Waiter တစ်ဦးချင်း အတွက်လည်း အသေးစိတ်ကစ၍ မှတ်သားထားနိုင်ပြီ ဖြစ်သည်။
အင်္ဂလိပ်-မြန်မာ ဘာသာ စကား နှစ်မျိုး အသုံးပြုထားပြီး လွယ်ကူ ရိုးရှင်းသော ဒီဇိုင်း ပုံစံတို့ဖြင့် ရေးသား ထားသော စားသောက်ဆိုင် များနှင့် ဘီယာဘားများတွင် အသုံးပြုနိုင်သည့် Restaurant Masterငွေရှင်း ရာတွင် Room Fees, Government Tax, Table Charge များဖြည့်စွက်ရန် လိုအပ်ပါက အမှတ်ခြစ်လိုက်ရုံဖြင့် တိုက်ရိုက်ထည့်သွင်းသွားမည် ဖြစ်သည့်အပြင် Discount အစီအစဉ်အတွက် Function ပါဝင် သည် ကိုတွေ့ရသည်။  စတင်သုံးစွဲချိန်တွင် ကျွမ်းကျင်မှုရှိစေရန်အတွက် အရည် အချင်းစစ် စာမျက်နှာကို ထည့်သွင်းပေး ထားပြီး ကွန်ပျူတာ တစ်လုံးလျှင် ၄၀၀၀ ကျပ်ဖြင့် အသုံးပြုနိုင်ကြောင်း သိရှိ ရသည်။

From- Demoeyan De Moe Facebook

No comments:

Post a Comment