ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, August 12, 2012

အမျိုးသား ကျန်းမာရေးကော်မတီ အစည်းအဝေး (၁/၂ဝ၁၂) ကျင်းပ


အမျိုးသားကျန်းမာရေးကော်မတီ အစည်းအဝေး (၁/၂ဝ၁၂) ကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပရာ အမျိုးသားကျန်းမာရေး ကော်မတီဥက္ကဋ္ဌ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင် တက်ရောက်၍ အမှာစကားပြောကြားရာတွင် ကျန်းမာ ရေးဝန်ကြီးဌာနအနေဖြင့် ကျေးလက်ဒေသနှင့် နယ်စပ်ဒေသများ အပါအဝင် နိုင်ငံတစ်ဝန်းလုံးတွင် အောက်ခြေအဆင့် ကျေးလက်ကျန်းမာရေး ဌာနခွဲ၊ ကျေးလက် ကျန်းမာရေး ဌာန၊ တိုက်နယ်ဆေးရုံမှ မြို့နယ်ဆေးရုံ၊ ခရိုင်ပြည်သူ့ဆေးရုံ၊
တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့ ဆေးရုံကြီးများ၊ ဗဟိုအဆင့် အထွေထွေနှင့် အထူးကုဆေးရုံကြီးများအထိ အဆင့်ဆင့်သော ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို တာဝန် ယူဆောင်ရွက်လျက်ရှိကြောင်း။ ကျန်းမာရေးဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ဦးဆောင်မှုနှင့် ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်နိုင်ရန် ပြည်ထောင်စု အဆင့်တွင်လည်း အမျိုးသားကျန်းမာ ရေးကော်မတီကို ဖွဲ့စည်းထားသည့်နည်းတူ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်တွင်လည်း ကျန်းမာရေးလုပ်ငန်း များအား ဦးဆောင်မှုနှင့် ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးနိုင်ရန် ဒေသဆိုင်ရာ ကျန်းမာရေးကော်မတီများ ဖွဲ့စည်းဆောင်ရွက်ရန် လိုအပ်သည့် အတွက် ဆွေးနွေးညှိနှိုင်းသွားမည် ဖြစ်ကြောင်းတို့ကို ဆွေးနွေး ပြောကြားခဲ့သည်။

No comments:

Post a Comment