ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, August 12, 2012

ရခိုင်ဒုက္ခသည်များ စား၊ ဝတ်၊ နေ၊ ပညာသင် အခက်အခဲအမျိုးမျိုး ရင်ဆိုင်နေရ ဆဲ ကာလ တွင် ဒေါ်စု မှ နေပြည်တော်မှ NLD ကို မဲထည့်ခဲ့သူများကိုသာ အခက်အခဲ သွားမေးနေ

အထွေထွေ လိုအပ်လျှက် ရှိနေစဲ ဖြစ်ပြီး စားသောက်ရေး၊ နေထိုင်ရေး၊ ဝတ်စားရေး အပြင် ကျောင်းများလည်း ပြန်မဖွင့်နိုင်သေးတဲ့ အတွက် ပညာသင်ဖို့ပါ အခက်အခဲ ဖြစ်နေသော ရခိုင်ပြည်နယ်သို့ တိုင်းရင်းသားများ ဒုက္ခရောက်နေမှု ၂ လ ကျော် ကြာသည့် တိုင်အောင်ပင် ဒေါ်အောင်ဆန်းစုကြည် လုံးဝ လှည့်ကြည့်ခြင်း မရှိပဲ နေပြည်တော်မှ NLD ကို မဲပေးခဲ့သူများကို ဘာအခက်အခဲ ရှိလဲ သွားပေးနေတယ်လို့ သတင်းရရှိပါတယ်။

NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေပြည်တော် ဒက္ခိဏသီရိ မြို့နယ် ရဲဒီ ဘုန်းတော်ကြီးကျောင်းမှာ NLD ပါတီကို မဲပေးခဲ့သည့် ဒေသခံကျေးရွာပြည်သူတွေနဲ့ တွေ့ဆုံပြီး၊ ကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ်မီးနဲ့
အလုပ်အကိုင်ရရှိရေး စတဲ့ ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ကြိုးပမ်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

နေပြည်တော်ကအခြေခံပြည်သူတွေနဲ့အခုလိုတွေ့ဆုံတာဟာ ဒေသခံလူထုရဲ့ ပညာရေး ၊ ကျန်းမာရေး ၊လူမှုရေး ၊စီးပွားရေး အခြေအနေတွေကိုသိချင်လို့ ပြည်သူတွေရဲ့အသံကို လာရောက်နားထောင်တာ ဖြစ်ကြောင်းဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ရခိုင်သားတွေ ပြည်သူ့အသံ စစ်စစ်ဖြစ်တဲ့ ရခိုင်သားတွေ ရဲ့ ငိုသံတွေကိုတော့ ဒေါ်အောင်ဆန်းစုကြည် နားပိတ်ထားပါတယ်။

ပညာရေးနဲ့ပါတ်သက်လို့ အတန်းပညာ အနည်းဆုံး ဆယ်တန်းထိ သင်ကြားခဲ့ဖူးတဲ့လူငယ်တွေကို ကျောင်းဆရာဖြစ် သင်တန်းတွေပေးသွားဖို့ အစီအစဉ်ရှိသလို ကျန်းမာရေးအပိုင်းမှာလည်း ပညာပေးရေးသင်တန်းတွေနဲ့ အခမဲ့ဆေးခန်းတွေ ဖွင့်လှစ်ပေးသွားဖို့အစီအစဉ်ရှိကြောင်း ပြောဆိုခဲ့ပါတယ်။ ရခိုင်ပြည်နယ် မောင်တောမြို့မှာတော့ အခြေခံပညာကျောင်း စုစုပေါင်း ၁၅၉ ကျောင်းရှိရာ ယခု အခါ အားလုံး ပိတ်ထားလျှက် ရှိပြီး မနက်ဖြန်မှာ ၇ ကျောင်း ပြန်လည်ဖွင့်ဖို့ ရှိတယ်လို့ သိရပါတယ်။ ဒေသခံတိုင်းရင်းသား ကလေးငယ်များအားလုံး ပညာ ရေး အခက်အခဲ ဖြစ်နေလျှက် ရှိပြီး ယခု အချိန် သည် ပထမ သုံးလပတ် စာမေးပွဲများ ဖြေဆိုရမယ့် အချိန် ဖြစ်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော် ခရီးမှာ NLD ထောက်ခံသူ လူအနည်းအကျဉ်းသာ လာရောက်ခဲ့ပြီး ရွာကြီး တစ်ရွာလျှင် လူ ၂၀ ကျော် သာ လာရောက်ခဲ့ကြောင်း သိရပါတယ်။



ကုလား ရခိုင် အဓိကရုဏ်း စဖြစ်ချိန်တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်က အင်္ဂလန်မှ သား ထံသို့ ခရီးထွက်သွားခဲ့ပါတယ်။
from-MEG

No comments:

Post a Comment