ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, August 12, 2012

အီရန် ငလျင် လူ ၁၈၀ ကျော် သေ၊ ၁၃၀၀ ကျော် ဒဏ်ရာရ



အီရန်နိုင်ငံမြောက်ပိုင်း အေဟာမြို့အနီးတွင် ဒေသစံတော်ချိန် ယနေ့ညနေ ၄း၅၃ နာရီက Magnitude 6.4 နှင့် Magnitude 6.3 အဆင့်ရှိ အင်အားပြင်းငလျင်နှစ်ခု လှုပ်ခတ်ခဲ့ရာ အနည်းဆုံး လူ ၁၈၀ ကျော် ၁၃၀၀ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ငလျင်လှုပ်ခတ်ရာ ဒေသတွင်းရှိ ရွာပေါင်း ၆၀ မှာ အကြီးအကျယ် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အနည်းဆုံး ကျေးရွာ (၆) ရွာလည်း လုံးဝပြားချပ်သွားပြီး နောက်ထပ် ကျေးရွာ (၆၀) လောက်က ၅၀% ကနေ ၈၀% လောက်ထိ ထိခိုက် ပျက်ဆီးသွားတယ်လို့ အစိုးရ ရုပ်မြင်သံကြားဌာနက ကြေညာခဲ့သည်။ ဒီငလျင်တွေ ပြင်းအား ဘယ်လောက်စီရှိကြလဲဆိုတာမှာတော့ တိုင်းတာချက်တွေက နည်းနည်း ကွာခြားနေပေမယ့် ပြင်းအား ၆ (ဒါမှမဟုတ်) ၆ အထက်မှာရှိကြတယ်လို့ Tehran တက္ကသိုလ်ရော အမေရိကန် ဘူမိဗေဒ တိုင်းထွာရေးဌာနကပါ ပြောကြားခဲ့သည်။
 
From : ဆင်ဟွာ

No comments:

Post a Comment