ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, May 14, 2012

အမေရိကန်ကြားဖြတ် တိုက်လေယာဉ် အောင်မြင်စွာ စမ်းသပ် ပစ်ခတ်နိုင်ခဲ့



From : MRTV4


အမေရိကန် စစ်တပ်ရဲ့ Raytheon Co ကြားဖြတ် တိုက်လေယာဉ်ဟာ ပစ်မှတ်ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်ပစ်ခတ် ဖျက်ဆီးနိုင်ခဲ့တယ်လို့
သိရပါတယ်။ အဆိုပါ ကြားဖြတ် တိုက်လေယာဉ်ကို ဥရောပအလယ်ပိုင်းမှာ ဖန်တီး တည်ဆောက်လျက်ရှိတဲ့ ဒုံးကျည် ကာကွယ်ရေးစနစ်မှာ အရေးပါတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်ဖို့ ရည်ရွယ်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီဒုံးကျည်ကာကွယ်ရေးစနစ်ဟာ နေတိုးမဟာမိတ် နိုင်ငံတွေကို အီရန်နဲ့ မြောက်ကိုရီးယားတို့ရဲ့ တိုက်ခိုက်မှု ကနေ ကာကွယ်ဖို့အတွက် ရည်ရွယ်ထားပါတယ်။

အဆိုပါ စမ်းသပ်မှုအတွက် ဒုံးကျည်ကို ဟာဝိုင်အီကျွန်းကနေ လွှတ်တင်ခဲ့ပြီး USS Lake Erie ရေတပ်သင်္ဘောကနေ ပစ်ခတ်ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။ တာဝေး ပစ်မှတ်တွေကို ခံစာသိနိုင်စွမ်း မြန်နှုန်းမြင့် စွမ်းဆောင်ရည် တိုးမြှင့်ဖို့ ဒီကြားဖြတ် တိုက်လေယာဉ်မှာ အရောင်နှစ်ရောင်ပါ အနီအောက်ရောင်ခြည်သုံး ရှာဖွေရေးစနစ် တစ်ခု ပါဝင်ကြောင်း အမေရိကန် ဒုံးကျည်ကာကွယ်ရေး အေဂျင်စီက ရှင်းပြထားပါတယ်။

အခုနှစ် နှောင်းပိုင်းအတွင်း နောက်ထပ်စမ်းသပ်မှု နှစ်ခု ပြုလုပ်ဖို့ကိုလည်း အေဂျင်စီက စီစဉ်ထား ပါတယ်။ ရုရှားနိုင်ငံကတော့ ဥရောပအလယ်ပိုင်းမှာ ပြုလုပ်လျက်ရှိတဲ့ အဆိုပါဒုံးကျည် ကာကွယ်ရေးစနစ်ဟာ ၎င်းတို့ရဲ့အချုပ်အခြာ အာဏာကို ထိပါးလာနိုင်တယ်လို့ ယူဆတာကြောင့် ဒီစနစ်ကို အကောင်အထည်ဖော် ဖန်တီးမှုနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ ရုရှားနိုင်ငံအကြား ဆက်ဆံရေး တင်းမာလျက်ရှိတယ်လို့ သိရပါတယ်။

No comments:

Post a Comment