ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, May 14, 2012

မြန်မာ-ထိုင်းဘဏ်အချင်းချင်း တရားဝင် ငွေလွှဲနိုင်မည်



From : ခေတ်လူငယ်


မြန်မာနိုင်ငံမှ လုပ်သားနှစ်သန်းခန့် အလုပ်လုပ်ကိုင်လျက်ရှိသော အိမ်နီးချင်းထိုင်းနိုင်ငံရှိ မြန်မာလုပ်သားများသည် ဇွန်လပထမပတ်မှစတင်၍ ထိုင်းနိုင်ငံရှိ K Bank (Kasikorn Bank) မှ တစ်ဆင့် မြန်မာနိုင်ငံရှိ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်သို့ တရားဝင် ငွေလွှဲနိုင်တော့မည်ဖြစ်ကြောင်း ယင်းဘဏ်မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးရဲမင်းဦးက ပြောကြားသည်။ ထိုင်းနိုင်ငံရှိဘဏ်များအနက် အဆိုပါ ဘဏ်ကို ရွေးချယ်ရခြင်းမှာ ယင်းဘဏ်၏ ATM (အလိုအလျောက် ငွေထုတ်စက်) များတွင် အင်္ဂလိပ်၊ ထိုင်းသာမက မြန်မာဘာသာစာများပါ ကပ်ထားပေးပြီး မြန်မာလုပ်သားများကို ဂရုတစိုက်ရှိသောကြောင့် ဖြစ်ကြောင်း၊ ၎င်းတို့နိုင်ငံတွင် ငွေစက္ကူသိပ်မသုံးဘဲ ငွေလွှဲလျှင် ဘဏ်ကတ်သာ အသုံးများသဖြင့် ငွေလွှဲကောင်တာများတွင် ဘဏ်ဝန်ထမ်းအများစု ထားလေ့မရှိသော်လည်း ယခုငွေလွှဲအစီအစဉ်အတွက် မြန်မာလုပ်သားများ လူကိုယ်တိုင်လာရောက် ငွေလွှဲကြမည်ဖြစ်ရာ အဆိုပါဘဏ်တွင် ငွေလွဲကောင်တာများနှင့် ဝန်ထမ်းများထားရှိရန် K Bank က စီစဉ်လျက်ရှိကြောင်း ၎င်းက ရှင်းပြသည်။ ၎င်းတို့နှစ်ဘဏ် ငွေလွှဲလုပ်ငန်းပူးပေါင်း ဆောင်ရွက်ရန် မေလ ၈ ရက်နေ့တွင် ဘန်ကောက်မြို့၌ သဘောတူစာချုပ် ချုပ်ဆိုကြမည်ဖြစ်ကြောင်း အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်မှ တရားဝင် ထုတ်ပြန်ကြေညာထားသည်။ ယင်းနိုင်ငံခြား ငွေလွှဲလုပ်ငန်း လုပ်ပိုင်ခွင့်ကို ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ သမဝါယမဘဏ်နှင့် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်တို့က ယမန်နှစ် ဒီဇင်ဘာလဆန်းပိုင်းမှစတင်ကာ ဗဟိုဘဏ်၏ ခွင့်ပြုချက်ရရှိထားကြခြင်းဖြစ်ကြောင်း ယင်းဘဏ်များမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
 

No comments:

Post a Comment