ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, May 14, 2012

ပလူတိုနီယံများကို မြေမြုပ်ပစ်ရန် ကျွမ်းကျင်သူများ တိုက်တွန်း


From : MRTV4


အမေရိကန် ပြည်ထောင်စုမှ သုတေသန အဖွဲ့ တစ်ခုမှာ ပြန်လည် သန့်စင်မှု အတွက် ကုန်ကျစရိတ် များပြားခြင်းနှင့် အကြမ်းဖက် သမားများ
အသုံးပြုမှုမှ ကာကွယ်နိုင်စေရန် အတွက်  ပလူတိုနီယံများကို မြေမြုပ်ပစ်ရန် အကြံပြုလိုက်ပြီ ဖြစ်သည်။


ပရင်စတန် တက္ကသိုလ်မှ ပါမောက္ခနှင့် နောက်ထပ် ကျွမ်းကျင်သူ ၃ ဦးမှာ ယခုလို အကြံပြုချက်ကို ဗြိတိန်သိပ္ပံ မဂ္ဂဇင်း Nature တွင် ကြာသပတေး နေ့က ဖော်ပြခဲ့ခြင်း ဖြစ်သည်။ နှုကလိယ စွမ်းအင်၏ ဘေးထွက် ပလူတိုနီယံ များကို သန့်စင်ပြီး လောင်စာတောင့် ပြန်လုပ်ခြင်းမှာ အခြားသော စွန့်ပစ်သည့် နည်းလမ်းများထက် အကုန်အကျများကြောင်း ပြောခဲ့သည်။ အလားတူပင် ယင်းအဖွဲ့မှ ပြောရာတွင် ကမ္ဘာအနှံ့တွင် ငွေကြေးအရ အသုံးပြုရန် အတွက် ယင်းသို့သော ပလူတိုနီယံများမှာ စုစုပေါင်း တန်ချိန် ၂၅၀ ကျော် အထိ ရှိကြောင်းနှင့် ယင်းသာ အကြမ်းဖက်သမားများ လက်သို့ကျရောက်ခဲ့ပါက နှုကလိယ လက်နက်အဖြစ် ပုံစံ ပြောင်းလဲပစ်နိုင်ခြင်းကြောင့် ဖြစ်ကြောင်း ပြောသည်။

ယခင်နှစ်ကလည်း ဗြိတိန် အစိုးရမှာ ပလူတိုနီယံကို သန့်စင်ရန် အတွက် စက်ရုံတစ်ခု တည်ဆောက်ရန် အဆိုပြုချက် တင်သွင်းခဲ့ကြောင်း ၊ သို့ရာတွင် လက်တွေ့တကျ မဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများမှ ထောက်ပြခဲ့သည်။ ယခုလို ပလူတိုနီယံများကို အလုံခြုံဆုံးနှင့် ဈေးအသက်သာဆုံး အဆုံးသတ်နိုင်စေမည့် အချက်မှာ မြေအောက်တွင် မြုပ် နှံလိုက်ရန်ပင် ဖြစ်သည်ဟု ယင်းအဖွဲ့မှ ပြောခဲ့သည်။

No comments:

Post a Comment