NLD ပါတီ ရုံးခွဲ ဖွင့်ပွဲ ကျင်းပနေစဉ် ရုံးအတွင်း မှ whiteboard ပေါ်တွင် "အမျိုးဂုဏ် ဇာတိဂုဏ် နားမလည်တဲ့လူငယ်တွေနဲ့ နိုင်ငံတည်ဆောက်လို့ မရပါ" ဟူသော စာ သုံးကြောင်း ကို whiteboard
တစ်ခြမ်းပြည့်အောင် စာလုံးကြီးကြီးဖြင့် အမည်မသိသူ တစ်ဦးက ရေးသွားကြောင်း
သတင်းရရှိပါတယ်။ အမျိုးဂုဏ် မစောင့်ပဲ နိုင်ငံခြားသားကို လက်ထပ်ယူကာ အသက်
၄၃ နှစ်ထိ နိုင်ငံခြားမှာ နေထိုင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို
ထိခိုက်စေလို၍ ရေးသားသွားတယ်လို့ ယူဆရပြီး NLD လူမိုက်များက တရားခံကို
အသည်းအသန် လိုက်ရှာနေကြကြောင်း သိရပါတယ်။
၂၀၁၂
ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင်တုန်းကလည်း NLD ကို မကျေနပ်သူ များက
ဒေါ်အောင်ဆန်းစုကြည် အကြောင်း ဖြတ်ရပ်မှန် စာရွက်စာတမ်းများနဲ့ ဗွီဒီယိုများ
ဖြန့်ဝေခဲ့တာတွေ ရှိခဲဖူးပြီး NLD ဖက်မှာလည်း "ဦးအောင်သောင်း ရဲ့ မဲဆွယ်
တဲ့ ကားက လူ ကိုဝင်တိုက်လို့ သေတဲ့အကြောင်း၊ မဲပြားများကို
ဖယောင်းသုတ်တဲ့ကြောင်း" ဆိုတဲ့ ခေါင်းစဉ်များနဲ့ မဟုတ်မမှန်စွပ်စွဲ
ဝါဒဖြန့်တာမျိုးတွေကို ဦးဆောင်လုပ်ခဲ့ကြောင်း သိရပါတယ်။
ရွေးကောက်ပွဲ ပြီးမှသာ ဦးအောင်သောင်း ရဲ့ ကားက တိုက်တယ် ဆိုတဲ့ သတင်းမှာ နေရာ အသေအချာ မပြနိုင်ပဲ လုပ်ကြံသတင်း ဖြစ်နေပြီး ဖယောင်သုတ်တယ် ဆိုတာကလည်း "ရှုံ လျှင် ဖယောင်း၊ နိုင်ရင်ခွပ်ဒေါင်း " စီမံကိန်းသာ ဖြစ်ကြောင်း သိရပါတယ်။
No comments:
Post a Comment