ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, May 14, 2012

တိုင်းဒေသကြီး များတွင် မေလအထိ ဖုန်းအလုံးရေ ၃ သိန်းကျော် ချထား ပေးခဲ့



From : MRTV4


မြန်မာ့ ဆက်သွယ်ရေးမှာ ယခုမေလ အထိ စစ်တမ်း ကောက်ချက် အရ တိုင်းဒေသကြီး အားလုံးမှာ စုစုပေါင်း ဖုန်းအလုံးရေ ၃၆၂,၁၆၀ အထိ ချထား ပေးခဲ့ပြီး
ဖြစ်တယ် လို့လည်း သိရပါတယ်။ မတ်လ ၁၄ ရက်နေ့မှ စတင်ပြီး မြန်မာ့ ဆက်သွယ်ရေးမှ တန်ဖိုးနည်း ဖုန်းများကို ပြည်နယ် ၇ ခုသို့ စတင်ကာ ချထားပေးခဲ့ပြီး  မတ်လ ၂၈ ရက်နေ့ မှာတော့ ရန်ကုန်နဲ့ မန္တလေး မပါဝင်သေးတဲ့ ကျန်တဲ့ တိုင်းဒေသကြီး ၇ ခုကို ဖုန်များ ထပ်မံချထား ပေးခဲ့ပါတယ်။

ရန်ကုန် ကိုတော့ ဧပြီလ ၉ ရက်နေ့မှာ တန်ဖိုးနည်း ဖုန်းများကို စတင် ချပေး ထားရာမှာ ၀ယ်ယူတဲ့ ၀ယ်လိုအားတွေ များနေပြီး အပြိုင်အဆိုင် ၀ယ်ယူမှုများလည်း ရှိခဲ့ပါတယ်။ အခုလို မြန်မာ့ ဆက်သွယ်ရေးမှ တန်ဖိုးနည်း ဖုန်းများကို ချထားပေးမှု တွေဟာ ပထမနှစ် စီမံကိန်းရဲ့ ပထမ အဆင့်သာ ချထားပေး နေတာ ဖြစ်ပြီး နောက်ထပ်လည်း ဆက်လက် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ယခုလက်ရှိ ချထား ပေးတဲ့ ပထမနှစ် စီမံကိန်း မှာတော့ ဖုန်းအလုံးအရေ အတွက် ၄ သန်းကို ချထားပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

Post a Comment