ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, May 14, 2012

မြန်မာစာနယ်ဇင်းသမဂ္ဂ၏ ကျင့်ဝတ်များ (မူကြမ်း)



၁။ ပြည်သူပြည်သားများ၏ အမှန်တရားကို လေးစားစွာ ဖော်ထုတ်ရေးသားရန်မှာ စာနယ်ဇင်းသမားတို့၏ ပထမဆုံးသော တာဝန်ဖြစ်သည်။

၂။ မိမိလုပ်ငန်းကို လုပ်ကိုင်နေစဉ် လွတ်လပ်စွာ ရေးသားခွင့်ကို ကာကွယ်စောင့်ရှောက်ရမည်။

၃။ အချက်အလက် မူရင်းဇစ်မြစ်ကိုသိမှ ရေးသားရမည်။ မိမိသိထားသည်များကို လိမ်ညာရေးသားခြင်း မပြုရ။

၎။ မှန်ကန်သည့်နည်းလမ်းဖြင့် သတင်း၊ ဓါတ်ပုံ၊ အထောက်အထားများကို ရယူရမည်။

၅။ သတင်းအရင်းအမြစ်ကို မိမိအသက်နှင့်လဲ၍ ကာကွယ်ရမည်။

၆။ မိမိရေးသားသော သတင်းနှင့်စာအတွက် လုံးဝတာဝန်ယူရမည်။

၇။ သတင်းနှင့် စာပေအကြောင်းအရာများ ရေးသားမှုအတွက် လက်ဆောင်၊ အခွင့်အရေးနှင့် လာဘ်လာဘမယူရ။

၈။ အဖွဲ့အစည်းတစ်ခု၊ ကုန်ပစ္စည်းတစ်ခုကို တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက် ဘက်လိုက်ရေးသားခြင်း မပြုရ။

၉။ မမှန်ကန်သော၊ အနည်းငယ်သာမှန်သော သတင်းကို ဖိအားပေးရေးခိုင်းခြင်းကို ငြင်းပယ်ရမည်။

၁၀။ ပုဂ္ဂိုလ်ရေးလွတ်လပ်မှုကို လေးစားရမည်။ မသိနားမလည်၍ ပြောကြားမှုကြောင့် အဆိုပါပြောကြားသူများ (အထူးသဖြင့်ကလေးများ) အတိဒုက္ခရောက်အောင် ရေးသားခြင်းမပြုရ။

၁၁။ မိမိရေးသားမှုတွင် လူမျိုးရေး၊ အသားအရောင်၊ လိင်၊ ကိုးကွယ်မှုနှင့် ပတ်သတ်ပြီး ခွဲခြားနှိမ့်ချ ရေးသားခြင်းမှ ရှောင်ကျဉ်ရမည်။

၁၂။ ခိုးယူရေးသားခြင်း၊ ပုတ်ခတ်ရေးသားခြင်း၊ အခြေအမြစ်မရှိသော စွပ်စွဲရေးသားခြင်းများသည် စာနယ်ဇင်းသမားများအတွက် ကြီးမားသော ကျင့်ဝတ်သိက္ခာ ဖေါက်ဖျက်မှုအဖြစ် သတ်မှတ်ရမည်။

၁၃။ လွတ်လပ်ဖြောင့်မှန်ဘက်မလိုက်ဘဲ တည်ကြည်သော စာနယ်ဇင်းသမားဖြစ်ရန် အထက်ပါ ကျင့်ဝတ်များကို တိကျစွာ လိုကနာရမည်။

No comments:

Post a Comment