From : Yangon Press International(ယမန်နေ့က Weekly Express Times သတင်းဂျာနယ်မှ ၎င်းတို့၏ သတင်းထောက် စော်ကားပြောဆိုခံရသည့် ကိစ္စနှင့်ပတ်သက်၍ ယင်းအဖြစ်အပျက် ဖြစ်ပျက်စဉ် မျက်မြင်သက်သေ တဦးဖြစ်သူ ဦးခင်ဇော် (နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့) ကို ဆက်သွယ်မေးမြန်းထားရာ ယင်းကိုယ်တိုင် မြင်တွေ့လိုက်ရပုံကို ဖေါ်ပြပေးလိုက်ပါသည်။
ယင်းအဖြစ်အပျက် သန့်စင်ခန်းထဲ ဖြစ်ပွားစဉ် ကိုဘောကြီး၊ သတင်းထောက် ကိုဟိန်းကိုစိုး၊ အပြင် သတင်းထောက် ကိုအောင်ကြီး၊ ဦးခင်ဇော်၊ သတင်းထောက် ကိုမောပြေ နှင့် နိုင်/ကျဉ်းဟောင်း အဖွဲ့မှ ဦးထွန်းကြည်တို့ မြင်တွေ့ကြသည်ဟု ဦးခင်ဇော်က ပြောဆိုသည်။ )
YPI အဖြစ်အပျက်စမြင်ခဲ့ပုံလေး ပြောပြပေးပါဦး
ဦးခင်ဇော်
အဲတုန်းကနံနက် ၈နာရီကျော်ကျော်လောက်ဖြစ်မယ် ကျွန်တော် အထဲမ၀င်သေးဘူး
UMFCCI ခန်းမ အပေါက်ဝမှာပဲ ရှိနေသးတယ် လက်မှတ် ထိုးနေတုန်းပေါ့ အဲဒီမှာ
သတင်းထောက်ကောင်လေး တယောက်ကို ကိုဘောကြီးကဆွဲသွားတယ် သူ့နောက်က နှစ်ယောက်
သုံးယောက်ပါသေးတယ် ဘောကြီးကလည်း ဘာလဲဆိုတာ ကိုယ်ကသိနေတော့
ကျွန်တော်လည်းလိုက်သွားလိုက်တယ်။
YPI ဟုတ် အိမ်သာခန်းဘက်ရောက်တော့ အခြေအနေတွေဘယ်လိုဖြစ်နေလဲ
ဦးခင်ဇော်
အထဲမှာ ကောင်လေးက ကိုဘောကြီးကို ကင်မရာပြနေတယ် ဘောကြီးကလည်း ဟေ့ကောင်
မင်းဓာတ်ပုံ ရပြီးလို့ပြောတယ် ကောင်လေးကလည်း ကျွန်တော်မရသေး ဘူး
ဒီမှာကြည့်ဆိုပြီး ပြောနေကြတယ်။
YPI အခြေအနေကဘယ်လိုရှိလဲတင်းမာနေကြတာလား
ဦးခင်ဇော်
အင်း ကိုဘောကြီးးက မျက်နှာကဒေါသထွက်နေတဲ့ပုံစံပေါ့
ကျွန်တော်တို့ကလည်း ထိုးမယ်ကြိတ်တဲ့ ပုံစံမျိုး ဖြစ်သွားမှာစိုးလို့
ဟန့်တားမလို့ လိုက်သွားတာပဲလေ။
YPI အဲဒီမှာ ဘယ်လောက်ကြာလဲ သန့်စင်ခန်းထဲမှာ
ဦးခင်ဇော်
နှစ်မိနစ် သုံးမိနစ်လောက်ပဲကြာမယ်ထင်တယ် ကျွန်တော်လည်း
တခုခုဖြစ်မှာစိုးလို့ ဟေ့ကောင်ဘောကြီး တော်တော့ တော်တော့လို့ ပြောပြီး
ပြန်လှည့်လာတယ် နောက်ပိုင်းဘာတွေ ဆက်ဖြစ်ကြလဲဆိုတာမသိဘူး ။
သူတို့အရှေ့ပိုင်းကဘာတွေ ဖြစ်ထားတာလဲ ဆိုတာလည်း မသိထားဘူးပေါ့။
YPI
Weekly Express Time က NLD ကိုပို့တဲ့စာထဲမှာ
ကိုဘောကြီးကမီဒီယာ သမားတွေကို ပြောသွားတာတွေရှိတယ် နောက် ဆဲတာတွေလည်းပါတယ်
အဲဒါရော ကြားမိသေးလား
ဦးခင်ဇော်
သူပြောနေတာကတော့ မင်းတို့ဗိုက်ဆံရလို့ ဘာညာဆိုတာပါပါတယ် နောက် သူစကား
မစခင်မှာ မင်းတို့ကောင်တွေ ငါ…. မသားတွေဆိုပြီးတော့
နည်းနည်းပါးပါးသုံးတာတော့ ရှိတယ် တမင်သက်သက် ငါနဲ့ကိုင်တုတ်တာမျိုးတော့
မဟုတ်ဘူးပေါ့။
YPI အခုလိုဖြေပေးတာ စိတ်ထဲမှာရော ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘယ်လိုခံယူထားတာမျိုးရှိလဲ
ဦးခင်ဇော် ကျွန်တော် ဘယ်သူ့ဘက်မှ ပါတာမဟုတ်ပါဘူး။ ကျွန်တော်မြင်တဲ့အတိုင်း ကျွန်တော်ပြောတာပါ။ ။
နိုင်/ကျဉ်းဟောင်း အဖွဲ့မှ ဦးခင်ဇော်
No comments:
Post a Comment