ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Saturday, May 12, 2012

Mobile ဖုန်းများတွင် စက်ဖြင့် ငွေဖြည့် စနစ်သစ် E-top up အသုံးပြုမည်



From : MRTV4


GSM ဖုန်း WCDMA နဲ့ 800 MHz အစရှိတဲ့ ဖုန်းတွေမှာ ဖုန်းဘေလ် ငွေဖြည့်မှု Prepaid စနစ်မှာ ငွေဖြည့်ခြင်းကို ကဒ်မှ ခဲကို ခြစ်ကာ ငွေဖြည့်တဲ့ စနစ်
ယခုလက်ရှိ အသုံးပြုနေ ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်း မှာတော့ ကဒ်ဖြင့် ငွေဖြည့်နိုင်ယုံ သာမကဘဲ စက်ဖြင့် ငွေဖြည့်နိုင်မယ့် E-top up စနစ်ကို မြန်မာ့ ဆက်သွယ်ရေးမှ ပြုလုပ် သွားဖို့ ရှိတယ်လို့ သိရပါတယ်။ အဆိုပါ E-top up စနစ်ဟာ စက်ဖြင့် Ph Bill ထည့်တဲ့ စနစ်တစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

ယခု အသုံးပြု နေကြတဲ့ Prepaid Card စနစ်ဟာ ဆိုရင်တော့ ကဒ်မှခဲကို ခြစ်ကာ လျို့ဝှက် နံပါတ်ရိုက် ထည့်ပြီး အသုံးပြုရတာ ဖြစ်ပြီး တန်ဖိုး အနေနဲ့ ငွေကျပ် ၁ သောင်း၊ ၃ သောင်း အစားအစား ရှိတာ ဖြစ်ပါတယ်။ ဒါပေမယ့် ယခုလက်ရှိ မှာတော့ E- top up စနစ် သုံးစွဲဖို့ အတွက် လိုအပ်တဲ့ စက်ပစ္စည်း တွေကို ပြည်ပမှ မှာယူရအုံးမှာ ဖြစ်ပါတယ်။ အဆိုပါ E-top up စနစ် သုံးစွဲမယ့် အချိန် ကိုတော့  မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ထပ်မံကြေငြာ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

Post a Comment