ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Saturday, May 12, 2012

နိုင်ငံတော် သမ္မတ ဦးဆောင်သော ငြိမ်းချမ်းရေး ဗဟိုကော်မတီ ဖွဲ့စည်း



စစ်ရေးနှင့် သံတမန်ဆက်ဆံရေး ကိစ္စရပ်များတွင် နိုင်ငံတော်သမ္မတနှင့် ညှိနှိုင်းဆုံးဖြတ်ခွင့်ရှိသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဝင် ၁၁ ဦးတွင် နိုင်ငံတော်သမ္မတကြီး အပါအဝင် ကိုးဦးအပါအဝင် စုစုပေါင်း ၁၁ ဦးပါဝင်သော ပြည်ထောင်စု ငြိမ်းချမ်းရေးဗဟိုကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ အဆိုပါ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီတွင် နိုင်ငံတော်သမ္မတကြီးက ဥက္ကဋ္ဌအဖြစ် ပါဝင်ပြီး အဖွဲ့ဝင်များအဖြစ် ဒုတိယသမ္မတနှစ်ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဟူသည့် ကာ/လုံအဖွဲ့ဝင်ကိုးဦးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ်တို့ ပါဝင်သည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဖွဲ့စည်းထားသည့် ကာ/လုံတွင် အဖွဲ့ဝင် ၁၁ ဦးပါဝင်ပြီး ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့မှ အပ ကျန်ကာ/လုံအဖွဲ့ဝင်ကိုးဦးပါဝင်သော အဆိုပါ ဗဟို ကော်မတီကို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။ ယင်းဗဟိုကော်မတီနှင့် တစ်ပြိုင်တည်း ဖွဲ့စည်းလိုက်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီကို ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဥက္ကဋ္ဌ အဖြစ်ပါဝင်ပြီး၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း၊ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်တို့က ဒုတိယဥက္ကဋ္ဌ ဖြစ် ခေါင်းဆောင်ကာ ပြည်ထောင်စုဝန်ကြီး ခုနစ်ဦး၊ စစ်ဌာနချုပ်တိုင်းမှူး ၁၀ ဦး၊ ပြည်နယ်/တိုင်းဒေသကြီး ဝန်ကြီးချုပ် ၁၀ ဦး အပါအဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကိုးဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ကိုးဦး၊ နယ်စပ်ရေးရာ ဒုတိယဝန်ကြီးနှင့် ပြည်ထောင်စု ဒုတိယရှေ့နေချုပ်နှင့် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ပါဝင်သည့် အဖွဲ့ဝင် ၅၂ ဦးဖြင့် ဖွဲ့စည်းထားသည်။ အဆိုပါ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်းနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်း နှစ်ခုစလုံး ဆောင်ရွက်ရမည်ဖြစ်ပြီး၊ ယင်းဆောင်ရွက်ချက်များကို ကာလုံအဖွဲ့ဝင် ၉ ဦးပါဝင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီသို့ အချိန်နှင့်တစ်ပြေးညီး တင်ပြရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment