ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Saturday, May 12, 2012

မိုဘိုင်းဖုန်း အင်တာနက်အတွက် ငွေကျပ် ၁၁၀၀၀ ဖြင့် ပေးသွင်း လျှောက်ထား နိုင်



From :MRTV4


မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မေလ ၇ ရက်နေ့မှ စတင်ကာ မိုဘိုင်းဖုန်း တွေရဲ့ အင်တာနက် လျှောက်ထားမှု တွေကို လက်ခံ ဆောင်ရွက် ပေးလျက် ရှိပြီး
ဒီလို လျှောက်ထားမှု အတွက် ကျသင့် တန်ဖိုးမှာ ကျပ် ၁၁၀၀၀ ပေးသွင်း လျှောက်ထား နိုင်တယ်လို့ သိရပါတယ်။ အဲ့ဒီလို လျှောက်ထားရာ မှာတော့ လျှောက်ထား လိုသူဟာ မူလ ၀ယ်ယူ ထားတဲ့ဖုန်း ၀ယ်စာချုပ် နဲ့အတူ လျှောက်ထား ရမှာ ဖြစ်ပါတယ်။ အဲ့ဒီဖုန်း ၀ယ်ယူထားတဲ့ စာချုပ်မှာ တံဆိပ်တုံး နှိပ်ပေးမှာ ဖြစ်ပြီး ဒီကနေ့ ငွေသွင်း ပြီးတာနဲ့ နောက်နေ့မှာ လိုင်းပွင့်တယ် လို့လည်း မြန်မာ့ ဆက်သွယ်ရေးနဲ့ ချိတ်ဆက် ထားတဲ့ ဖုန်းအရောင်း ကုမ္ပဏီ တစ်ခုမှ သိရပါတယ်။

ဒီလို လျှောက်ထားမှုကို ရွှေဂုံတိုင်၊ ပန်းဆိုးတန်း၊ စာတိုက်ကြီး၊ အလုံ မြို့နယ်ရှိ မြန်မာ့ ဆက်သွယ်ရေး ရုံးတွေမှာ လျှောက်ထား နိုင်ရုံသာ မကဘဲ မြန်မာ့ ဆက်သွယ်ရေးနဲ့ ချိတ်ဆက် ထားတဲ့ ကုမ္ပဏီ ဖြစ်တဲ့ E Lite နဲ့ ရတနာပုံ တယ်လီပို့ တို့မှာလည်း လျှောက်ထား နိုင်တယ်လို့ သိရပါတယ်။ လျှောက်ထားမှု တွေကို ယနေ့အထိ ပြုလုပ်ပေးနေပြီး လျှောက်ထားမှု အလုံး အရေအတွက် ကိုတော့ ယခုချိန် အထိ ကန့်သတ် ထားခြင်း မရှိသေးဘူးလို့ သိရပါတယ်။

No comments:

Post a Comment