ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Saturday, May 12, 2012

ကိုမင်းအောင်မသိသေးသော မီဒီယာသမားများအကြောင်း



From : Kyawk Min ကိုမင်းအောင်ခင်ဗျား
ကွန်မန့်ပေးရုံဆို အရမ်းရှည်လျားသွားရင် မဆံ့မှာဆိုးလို့ ကျွန်တော့်ဝေါပေါ်ကနေ ပြန်လည်ဖြေကြားပေးလိုက်ပါတယ်။ ခင်ဗျား ဖတ်မိလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။
ကိုမင်းအောင်ရေးထားတဲ့
ကျွန်တော့်ရဲ့တစ်ဖက်သတ်အမြင်နဲ့သုံးသပ်ရရင်တော့ - - - -
“ဟုတ်ကဲ့ပါ . . .ကျွန်တော် ဒီတစ်ပုံလောက်ရိုက်ပါရစေ” ဆိုတဲ့ကိုဟိန်းကိုစိုးရဲ့စကားက အရမ်းကို ယဉ်ကျေးနေပြီး “မင်းတို့ မီဒီယာသမားတွေက ပိုက်ဆံရလို့ အလုပ်လုပ်နေတာ။ ငါတို့က ဘာစောက်တစ်ပြားမှမရဘဲ ထောင်အကျခံပြီး နိုင်ငံရေးလုပ်နေတာကွ။ ဘယ်ကောင့်ကိုမှ စောက်ဂရုမစိုက်ဘူးလို့ မင်းတို့အယ်ဒီတာတွေကိုပြောလိုက် . . . .+ - x -ံ့ သားရဲ့ . . . ” ဆိုတဲ့ ဦးကျော်စိုးနိုင်ရဲ့စကားက အရမ်းရင့်သီးနေတယ် ။
ဆိုတဲ့ နှိုင်းယှဉ်ချက်ပေါ့ဗျာ။
ယုတ္တိဗေဒနည်းနဲ့သာ ပြောရင်တော့ ကိုမင်းအောင်သုံးသပ်သလို လီဆည်ထားသလိုလိုပေါ့ဗျာ။
ဒါပေမယ့် ကိုမင်းအောင်မှာသာ သတင်းထောက်သူငယ်ချင်းရှိရင်၊ အယ်ဒီတာမိတ်ဆွေတွေရှိရင် ဒီလိုပြောဖြစ်မယ် မထင်ဘူး။ မေးကြည့်စမ်းပါဦးဗျာ သူတို့တွေကို ကျွန်တော်တို့ သတင်းထောက်ဖြစ်စကနေ ခုချိန်ထိ လက်ကိုင်ထားရတဲ့စာလုံးတစ်လုံးရှိတယ်။
polite ပါ။ REPORTER ဆိုတဲ့စာလုံးပေါင်းရဲ့ သုံးလုံးမြောက်စာလုံး P-Polite မြန်မာလိုအနက်ကတော့ ယဉ်ကျေးပါတဲ့။ ဘယ်လိုယဉ်ကျေးရမယ်ဆိုတာက ထွေထွေထူးထူးမဟုတ်ပါဘူး။ ကိစ္စရပ်အားလုံးမှာပါ။ ရိုင်းစိုင်းစွာဆဲဆို တုန့်ပြန်တာမျိုးကို ဘယ်လို သတင်းထောက်မျိုးကမှ မလုပ်သင့်ပါဘူးခင်ဗျား။ ကျွန်တော်တို့ အဲဒီလိုမျိုးပဲ သင်ကြားခဲ့ရပါတယ်။ လိုက်နာခဲ့ရပါတယ်။ ယုတ်စွအဆုံး သူတောင်းစားကို အင်တာဗျူးရင်းနဲ့ သူက အော်ထုတ်ရင်တောင် သူတောင်းစားမို့လို့ဆိုပြီး ပြန်လှန်အော်ဟစ်လို့မရပါဘူး။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အခုလိုဖြေပေးတာကို ကျေးဇူးတင်ပါတယ်လို့ ယဉ်ယဉ်ကျေးကျေးတုန့်ပြန်ပြီးမှ ပြန်လာရတာပါ။ ဒါသတင်းထောက်တွေရဲ့ ကျင့်ဝတ်တွေထဲက တစ်ခုလေးပဲရှိပါသေးတယ်။
ကိုမင်းအောင်အချိန်ရရင် ကြည့်ကြည့်လိုက်ပါဦး 5 Days in August ကို။ အဲဒီထဲက သတင်းထောက်က သူ့ကို သေနတ်နဲ့ထောက်ထား တာတောင်။ ဖမ်းဆီးနှိပ်စက်ခံရတာတောင် အက်ရှင်ကားတွေထဲကလို ပြန်မတုန့်ပြန်ဘူး။ ယဉ်ယဉ်ကျေးကျေးပဲ တုန့်ပြန်ခဲ့ပါတယ်။ သူ့အကျိုး၊ သူ့အကြောင်းကြောင့်သာ သူ့ကို သေနတ်နဲ့ ထောက်တဲ့သူသေသွားတယ်။ သူလွတ်သွားတယ်။ သူ့ဘက်က ရိုင်းစိုင်းကြမ်းတမ်းစွာ ပြန်ဆက်ဆံခဲ့တာတစ်ခုမှမရှိပါဘူး။
အချိန်များရရင် တစ်နေ့နေ့မှာတော့ ကျွန်တော်တို့ မြန်မာနိုင်ငံက မီဒီယာသမားတွေ ဘယ်လိုဘ၀နဲ့ ရုန်းကန်လှုပ်ရှားရတယ်ဆိုတာ ကိုမင်းအောင်အပါအ၀င် ကျွန်တော်တို့အပေါ်နားလည်မှုလွဲမှားနေတဲ့သူတွေကို ပြောပြချင်ပါသေးတယ်။

No comments:

Post a Comment