ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Saturday, May 12, 2012

မြန်မာသမ္မတ ဦးသိန်းစိန် ဘယ်လဲ ဘာလဲ (ပေးစာ - ၁၃၇)



From : NEW BOX

မြန်မာအစိုးရအဖွဲ့ သမ္မတ ဦးသိန်းစိန် အာဏာရယူခဲ့သည်မှာ တစ်နှစ်နှင့်နှစ်လရှိလာပြီ သမ္မတ ဦးသိန်းစိန် အကောင်းဆုံးယူဆပြီး ကြိုးစားခဲ့တာတွေ အများကြီးရှိသည်။ သမ္မတဦးသိန်းစိန်သည် ဒီမိုကရေစီကို ပီပြင်အာင် ပြုပြင်ပြောင်းလဲခိုင်မြဲအောင် တည်ဆောက်သည်။ နိုင်ငံရေးတည်ငြိမ်အောင်ဆောင်ရွက်သည်။ ပြည်ပဖိအားနည်းအောင် ဆောင်ရွက်သည်။ အထူးသဖြင့် အနောက်နိုင်ငံများနှင့်ဆက်ဆံရေး ပြေလည်အောင် ဆောင်ရွက်သည်။ အနောက်နိုင်ငံများနှင့် အထူးသဖြင့် အမေရိကန်နှင့်အဆင်ပြေမှ အနောက်နိုင်ငံများ အားလုံးနှင့်ပြေလည်မည်ဟု အခြေခံအယူအဆရှိသည်။ အနောက်နိုင်ငံများ၏ နိုင်ငံရေးဖိအားကိုလည်း လျော့နည်းစေချင်သည်။ စီးပွားရေးကိုလည်း တိုးတက်စေချင်သည်။ သူ့လက်ထက်မှာ နိုင်ငံရေးစီးပွာရေး ပြုပြင် ပြောင်းလဲမှုတွေရှိလာရမည်။ တိုးတက်စေရမည်။ စနစ်သစ်ကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်သူ အဖြစ် မှတ်တမ်းတင်ခံလိုသည့်ဆန္ဒရှိသည်။ စီးပွားရေးတိုးတက်ရန် တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများ အပြင် အနောက်နိုင်ငံများ အထူးသဖြင့် အမေရိကန်နိုင်ငံနှင့်အဆင်ပြေပြီး ပိတ်ဆို့ဟန့်တားမှုများ ဖယ်ရှားနိုင်မှာ ဖြစ်မည်ဟု ယုံကြည်သူဖြစ်သည်။ ပြည်တွင်းပြည်ပအကြံပေးများကလည်း ဤသို့အကြံပေးမည်ဟု ယူဆ ရသည်။ အခြေခံအယူအဆကောင်းသည့် သမ္မတတစ်ဦးလို့ မှတ်ချက်ပေးရမှာဖြစ်သည်။

ပထမ ပြည်တွင်းနိုင်ငံရေးတည်ငြိမ်ဖို့ဆိုရင် မိမိအင်အား အထူးသဖြင့် အစိုးရအဖွဲ့ညီညွတ်ရေးနှင့် အာဏာရပါတီ ပြည်ခိုင်ဖြိုး ခိုင်မာတောင့်တင်းရေး ဆောင်ရွက်ရမှာထက် ဒေါ်စုကြည်နဲ့ NLD အဆင်ပြေရေးကို ပိုမိုဦးစားပေးလိုသည့်အနေအထား တွေ့ရသည်။ အထူးသဖြင့် ဒေါ်စုကြည်နဲ့ဆက်ဆံရေးပြေလည်ရေး ထိတွေ့ ထားရေး အဆက်အသွယ်ရယူထားရေးသည် အရေးကြီးအလုပ်တစ်ခုဟု မှတ်ယူပုံရသည်။ အမေရိကန် ကလည်း ဦးသိန်းစိန်ကို လူပုဂ္ဂိုလ်အမျိုးမျိုးလွှတ်၍ ထိတွေ့ချဉ်းကပ်သည်။ စည်းရုံးသည်။ အလွန်ကောင်းသော မူဝါဒ အလွန်ကောင်းသောပေါ်လစီကျင့်သုံး၍ ဦးသိန်းစိန်အစိုးရကိုလိုလားကြောင်း အကြိမ်ကြိမ်ပြသသည်။ အမေရိကန်ကလည်း အရှေ့အာရှသို့ဝင်ရောက်ဖို့အတွက် မြန်မာကိုအသုံးချလိုသောဆန္ဒပြင်းပြနေချိန်နှင့် သမ္မတအသစ် ဦးသိန်းစိန်ကလည်း အမေရိကန်နဲ့ ဆက်ဆံရေးပြေလည်လိုသော ဆန္ဒရှိနေချိန် တိုက်ဆိုင် နေသလော မသိ။ မည်သူက မည်သူ့အကွက်ထဲဝင်သွားသည်မသိ၊ အဆင်ပြေသွားသည်။ အမေရိကန်ကြီးက ဒေါ်စုကြည်နှင့် အဆင်ပြေရေး ကိုလည်း တိုက်တွန်းခဲ့သည်။ ဒေါ်စုကြည် ဥပဒေဘောင်အတွင်း ၀င်ရောက် လာရေးကိုလည်း လမ်းဖွင့်ပေးဖို့ တီးတိုးပြောခဲ့သည်။ ဒေါ်စုကြည် NLD မှတ်ပုံတင်ရေးကိစ္စ၊ ဒေါ်စုကြည် NLD ရွေးကောက်ပွဲဝင်ရေး ကိစ္စတို့ကို လမ်းချောလမ်းကောင်းဖွင့်ပေးရန် သမ္မတကိုစည်းရုံးခဲ့သည်။ သမ္မတက ချွင်းချက်မရှိလက်ခံခဲ့သည်။ ဒါကြောင့်လည်း ဒေါ်စုကြည်နဲ့တွေ့ချင်၊ ရင်းနှီးချင်တာဖြစ်သည်။ ဒေါ်စုကြည်နဲ့ ရင်းနှီးရင် ပြည်တွင်းနိုင်ငံရေး တည်ငြိမ်မှုရမယ်။ ဆန်ကျင်မှုနည်းမယ်။ ဖိအားပေးမှုနည်းမယ်ဟုယူဆသည်။ ဒီနေရာမှာ ဆက်ရက်တောင်ပံကျိုးနှင့် ကြောင်းခံတွင်း ပျက်များဖြစ်နေမလားမသိပါ။ ဒါကြောင့် ဒေါ်စုကြည်နဲ့ အကြိမ်ကြိမ်တွေ့ခဲ့ သည်။ ဒေါ်စုကြည်အကြိုက်တွေ့မည့် လုပ်နည်းလုပ်ဟန် အစီအမံများလည်း ခင်းကျင်း ပြသခဲ့ သည်။ အောင်ဆန်းစုကြည်နဲ့ဆက်ဆံရင် အမေရိကန် ကသဘော ကျလာမယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို အောင် ဆန်းစုကြည်က အသိအမှတ် မပြုဘူးလို့ပြောခဲ့သော်လည်း နောက်တော့ လက်ခံလာတယ်။ ဒါလည်းပဲ အောင်ပွဲ တစ်ခုပါ။ အခြေခံဥပဒေကို အမျိုးမျိးဆန့်ကျင်နေရာက လက်ခံတဲ့အဆင့်ထိရောက်ရှိခဲ့တာ အမြတ် တစ်ခုပါပဲ။ ရွေးကောက်ပွဲမ၀င်ဘူးလို့ဆန့်ကျင်ရာမှ ရွေးကောက်ပွဲဝင်လာတာလည်း အမြတ်တစ်ခုပါပဲ။ ၉၀ ခုနှစ် ရလဒ်ကို ဆုပ်ကိုင်ထားရာမှ လွယ်လွယ်လေးနဲ့လက်လျှော့ပေးလိုက်တာဟာလည်း အမြတ်တစ်ခုပါပဲ။ ဘယ်စာ လုံးမှ ပြင်မပေးဘဲနဲ့ လွှတ်တော်ထဲကိုဝင်လာတာလည်းအမြတ်တစ်ခုပါပဲ။ အဲတော့ ဒီနေရာမှာ ဒေါ်စုကြည်က ဦးသိန်းစိန် ထင်သလို ဦးသိန်းစိန်၏အကွက်ထဲဝင်မလား ဦးသိန်းစိန်ရဲ့ထိပ်ကိုတက်သွားမလား ဆိုတာကတော့ မကြာမီမြင်တွေ့ရမှာဖြစ်ပါသည်။

ဦးသိန်းစိန်က ပြည်တွင်းနိုင်ငံရေးတည်ငြိမ်ဖို့ အထူးသဖြင့် ဆန့်ကျင်ဖက်အင်အားစုတွေသဘောကျဖို့ အကျဉ်းသားတွေလွှတ်ပေးလိုက်တယ်။ ထိုအကျဉ်းသားတွေဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ အောင်ပွဲရ မင်းသားတွေဖြစ်သွားတယ်။ နောက်တစ်ခါ အငြိမ်းစားလစာတွေတိုးပေးလိုက်တယ်။ ၀န်ထမ်းသက်သာ ချောင်ချိမှုကို တိုးပေးလိုက်တယ်။ သို့သော် ၀န်ထမ်းတွေက အခြေခံလစာ တစ်သိန်းအထိမရလို့ မကျေနပ် ကြပါ။ ထိုမကျေနပ်ချက်ကြောင့် ၀န်ထမ်းများအားလုံး ပြည်ခိုင်ဖြိုးကိုမဲမပေးပါ။ နေပြည်တော်တွင် ၀န်ထမ်းအများစုရှိတဲ့ ဇဗ္ဗူသီရိ ရှုံးတာကိုကြည့်ရင်သိတယ်။ ဆင်းရဲမွဲတေမှုလျှော့ချရေးလုပ်ငန်းများလုပ်တယ်။ ပြောတာတွေ၊ စီမံတာတွေအားလုံးကတော့ လူတိုင်း၊ ကျေးလက်တိုင်း လအနည်းငယ်အတွင်းမှာ စီးပွားရေး၊ လူမှုရေး တိုးတက်တော့မယောင်ဖြစ်ခဲ့တယ်။ ယနေ့ထိ ဘာမျှထိရောက်မှုမရှိသေးပါ မအောင်မြင်သေးပါ။ လယ်ယာလုပ်ငန်းမှာလည်း ဟိုနားကွက်ကွက် ဒီနားကွက်ကွက်လုပ်ပြသည်။ ကိုင်ပြသည်။ သမ္မတကိုယ်တိုင် ထွက်ပြသည်။ ဤသို့ဖြစ်ရင် တစ်ပြည်လုံးဖြစ်တော့မယောင် ပုံဖမ်းခဲ့သည်။ သို့သော် ထိုနေရာတွင် ပျောက်ကွယ်သွားသည်ကိုတော့ သမ္မတ မသိသေးပါ။

သမ္မတဟာရိုးသားတာတော့အမှန်ပဲ။ သားသမီနဲ့ပတ်သက်သောလောဘ၊ စီးပွားလောဘအပိုင်းမရှိ တာတော့ သေချာတယ်။ သို့သော် လူ့သဘာဝအတိုင်း ဂုဏ်ယူချင်သောလောဘ သမ္မတကြီးဟာ စိတ်ထား ကောင်းတယ်ဆိုသော အပြောခံချင်သောလောဘ၊ နှစ်ပေါင်း ၅၀ နီးပါးခန့်မှာ အနောက်နိုင်ငံများ အထူးသဖြင့် အမေရိကန်နှင့်အပေါင်းအပါများ ဆက်ဆံရေးပြေ လည်အောင် မြန်မာနိုင်ငံ အစိုးရအကြီအကဲတစ်ယောက်ကို အသိအမှတ်ပြုလာအောင် လုပ်ခဲ့တာ မှန်သလို၊ ဖြစ်လာ ခဲ့တာမှန်သလို၊ ထိုအရသာ ကိုခံချင်သော လောဘ ပြည်တွင်းပြုပြင်ပြောင်းလဲရေးဆောင်ရွက်နေ၍ အနောက်နိုင်ငံများမှချီးမြှင့်သည့် ထူးခြားသောဘွဲ့တံဆိပ် ရယူ လိုသော လောဘ၊ အထူးသဖြင့် နိုဘယ်ဆုရယူလိုသောလောဘရမက်ကြီးတာတော့ အမှန်ပဲမြင်တွေ့ရသည်။ မဟုတ်ပါဘူးဗျာလို့ ပြောကောင်းပြောပေမယ့် တကယ် လက်တွေ့လိုလားနေ သည်မှာတော့အမှန်ပင် အဲတော့ ဒါတွေအားလုံးဟာ အနောက်နိုင်ငံခေါင်းဆောင်များနဲ့ မကြာခဏ လက်ခံတွေ့ ဆုံခြင်း၊ ပြောဆိုနေခြင်း မှာ နိုင်ငံရေးအရထက် စိတ်ကိုပါနေတဲ့သဘောရှိတယ်။ ထိုအချက်ကို အနောက်နိုင် ငံခေါင်းဆောင်များ ကောင်းကောင်း နား လည်သည်။ ဒါကြောင့် အမေရိကန်အုပ်စုဝင်နိုင်ငံများမှခေါင်းဆောင်များ အကွက် ကျကျစီမံ၍ တစ်ယောက် ပြီးတစ်ယောက် လာရောက်နေသည်က သက်သေပြလျက်ရှိသည်။ သာမန်ချစ်ခင်ဆက်ဆံရုံထက်သာလွန်တဲ့ အဆင့်ကို မသိမသာရောက်နေသလားလို့ မြင်တွေ့နေရသည်။ မကြာမီက UN အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းလာသွားသည်။ မကြာမီ တောင်ကိုရီးယားသမ္မတလာမည်။ ဗြိတိန်ဝန်ကြီးချုပ်လာသွားပြီ။ ဥရောပ နိုင်ငံက အကြီးအကဲတစ်ဦးနှစ်ဦး ထပ်မံလာပါဦးမည်။ ထိုလာရောက်ခြင်းများသည် သမ္မတ အိုဘားမား လာရောက်ဖို့ ရှေ့ပြေးများသာဖြစ်ပါသည်။ ရှင်ဘုရင် ထွက်တော်မူခန်း၏ ရှေ့ပြေးများ ဟုဆိုရမလားမသိပါ။ အနောက်အုပ်စုဝင်ခေါင်းဆောင်များသည် ဦးသိန်းစိန်ကို ကောင်းစွာ နားလည်နေပြီ။ အနောက်အုပ်စုအနေနဲ့ ဦးသိန်းစိန်ကို ဒုတိယ ဂိုဘာချောဘ်အဖြစ် အသုံးပြု ရန် သဘောပေါက်နေပြီ။ ဦးသိန်းစိန်ရဲ့ဓါတ်ပုံတွေကို အိတ်ကပ်အသီးသီးမှာကိုယ်စီကိုယ်စီထည့်ထားနေပါပြီ။ ဆုတ်လိုဆုတ်ဖြဲလိုဖြဲလုပ်နိုင်သည်သာ။ အဲတော့ ရှေ့ဘာဖြစ်လာမလဲ။ အနှစ် ၂၀ ကျော် ၃၀ ခန့် မိတ်ဆွေဖြစ်လာသော တရုတ်ကြီးဖက်ကစဉ်းစားကြည့်ပါ။ အနောက်နိုင်ငံများမှ ၀ိုင်းဝန်းပိတ်ဆို့ဖြတ်တောက် ထားသည့်အခါမှာ တရုတ်ကြီးက ထောက်ပံ့ပေးကမ်း ရပ်တည်နိုင်အောင် ဆောင်ရွက်ပေးခဲ့တယ်မဟုတ်လား။ ဤသို့ဆိုလျှင် အထက်ပါအခြေအနေအရ တရုတ်ကြီး ဘယ်လိုသဘောထားမလဲ။ တရုတ်ကြီး၏ သဘောထားအမြင်တွင် ကြေနပ်ပါ့မလား။ မြစ်ဆုံကိစ္စလည်း ထပ်မံပေါ်ပေါက်လိုက်သေး၍ တရုတ်မြန်မာဆက်ဆံရေးဟာ ပိုမိုပြီးရှုပ်ထွေးလာစေသည်။ သမ္မတဦးသိန်း စိန်က တောင်းပန် သည်ကိုပင် ပြန်ခြင်းမခတ်ကြောင်းကြားသိရသည်။ သတင်းမှန်မမှန်မသိပါ။ အဲတော့ အမေရိကန် အရေးချည်းပဲကြည့် လွန်းနေရင် တည်ငြိမ်အေးချမ်းသောနိုင်ငံဖြစ်နိုင်ပါ့မလား။ တရုတ်အရေးမှာ ချစ်,စကို မရှည်စေဘဲ တိုစေသောသဘော များဆောင်နေခဲ့ရင် တိုင်းပြည်ရဲ့နိုင်ငံရေး၊ စီးပွားရေး၊ တိုင်းရင်းသားတွေရဲ့ အရေး တည်ငြိမ်နိုင်ပါ့မလား။ စဉ်းစားစရာတွေအများကြီးရှိနေသည်ကို သမ္မတ ဦးသိန်းစိန်တစ်ယောက် သတိပြု မိရဲ့လား။

မြန်မာပြည်သား များကို အလွန်မချမ်းသာသော်လည်းပဲ စားဝတ်နေရေးအိနြေ္ဒရအောင် အနှစ် ၂၀ ကျော်မျှ ဆောင်ရွက်ခဲ့ တာလည်းပဲ သုံးသပ်ဖို့လိုပါတယ်။ မလျော့မတင်း စောင်းကြိုးညှင်းဆိုသကဲ့သို့ ကျင့်သုံး ဖို့လည်း လိုပါတယ်။ စီးပွားရေး ဖွံ့ဖြိုးခြင်လို့ အနောက်နိုင်ငံများအကြိုက် ဆက်ဆံနေ တာ ဟာ ကောင်းကျိုး ချည်း ဖြစ်နိုင်မလား။ ဆိုးကျိုးတွေရော ဖြစ်မလာနိုင်ဘူးလား။ သူတို့အလိုလိုက် အကြိုက်လုပ်ပေးလို့ Sanction တစ်ချို့ ခေတ္တ၊ ယာယီရုပ်သိမ်းပေးလိုက်တာရှိတယ်။ ဒါတောင်မှ တစ်နှစ်ပဲဖြစ်ပါတယ်။ တကယ်ဆိုရင် မိမိရဲ့ ရိုးသားမှု၊ စေတနာ၊ ပြန်လည်ဆက်ဆံလာမှု၊ လက်ခံလိုက်မှု၊ ပြုပြင်ပြောင်းလဲမှုများကြောင့်၊ ချွင်းချက်မရှိ ရုပ်သိမ်းပေးသင့်ပါလျက်နှင့် လက်နက်သဖွယ်ဈေးကိုင်ထားခြင်း၊ တစ်နှစ်အတွက်ပဲရပ်ဆိုင်းထားခြင်း၊ ဒေါ်လာ လမ်းကြောင်း ပွင့်သွားခြင်းလောက်သာ အကန့်အသတ်ဖြင့်ရရှိခဲ့သည်။ ဂုဏ်သိက္ခာမကျဆင်းဘူးလား၊ မနစ်နာဘူးလား၊ အမျိုးဂုဏ်ဇာတိဂုဏ်မပျက်ယွင်းဘူးလား။ ရေရှည်ရပ်တည်နိုင်ဖို့အတွက်ဖြစ်နိုင်မလား။ ငါလုပ်တဲ့ ၅ နှစ် သက်တမ်းမှာ အဆင်ပြေရင်ပြီးရောလား။ ထမ်းတင်၊ မ,တင်ပေးလိုက်သောသူများ၏ နောင် အနာဂတ်အတွက် ၅ နှစ် ၅ နှစ်များအတွက် မစဉ်းစားတော့ဘူးလား။ ၅ နှစ်သက်တမ်း ချောချောမွေ့မွေ့နဲ့ ငါလိုချင်တဲ့ဘွဲ့တွေလည်းရ ချီးကျူးခံရမှုတွေလည်းရ နှစ် ၅၀ အတွင်းမှာ အနောက်တိုင်းနဲ့ပြေလည်အောင် ဆက်ဆံနိုင်သော မှတ်တမ်းလေးရရုံနဲ့ပြီးရောလား။ နောက် ၅ နှစ်မှာ မိမိတို့အစိုးရပြုတ်ကျမဲ့ နိုဘယ်ဆုများ ရနေမလား။ နောက် ၅ နှစ်ပြီးရင် တိုင်းပြည်အစိတ်စိတ်အမွှာမွှာပြိုကွဲသွားမယ့် နိုဘယ်ဆုများဖြစ်နေမလား။ ချီးကျူးအသိအမှတ်ပြုခြင်းဖြစ်နေမလား။ နှစ် ၅၀ အနောက်နိုင်ငံများနှင့် ဆက်ဆံနိုင်သည့် ပထမဦးဆုံးသော သမ္မတပဲလို့ မှတ်တမ်းတင်ခံလိုက်ရခြင်းသည် တန်ဖိုးအစစ်လား။ တိုင်းပြည်အစိတ်စိတ်အမွှာမွှာ ပြိုကွဲစေမယ့် မှတ်တမ်းလား။ အောင်ဆန်းစုကြည် NLD ကို အာဏာထိုးအပ်လိုက်တဲ့မှတ်တမ်းလား၊ နိုဘယ်ဆုလား။ ဤသို့ဖြစ်နေသည်ကို ပြည်တွင်း၊ ပြည်ပအကြံပေးများ ချဉ်းကပ်မှုများသည် သမတဦးသိန်းစိန်ကို ဘယ်ကိုပို့ပေး နေသလဲ၊ ဘာဖြစ်သွားသလဲဆိုတာကို အလေးအနက်စဉ်းစားဖို့လိုကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

No comments:

Post a Comment