ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Saturday, May 12, 2012

နယ်စပ်ကုန်သွယ်ရေး စခန်းအသစ်များ ထပ်ဖွင့်မည်



From : ခေတ်လူငယ်


တနင်္သာရီ၊ ကယားပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ နယ်စပ်ကုန်သွယ်ရေး စခန်းအသစ်တွေ ထပ်ဖွင့်မယ်လို့ မေလ ၆ ရက်နေ့ နေပြည်တော် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တွေ့ဆုံပွဲက သိရပါတယ်။ “တနင်္သာရီ-မြိတ်မှာဆိုရင် မောတောင်၊ ကယားပြည်နယ်မှာဆိုရင် မယ်ဆယ်နဲ့ ချင်းပြည်နယ်မှာ နယ်စပ်ဈေးဖွင့်ဖို့ စီစဉ်နေတယ်၊ မောတောင်နယ်စပ် ကုန်သွယ်ရေးစခန်းဖွင့်ဖို့ ညှိနှိုင်းမှု စလုပ်နေပြီ၊ မကြာမီဖွင့်ဖို့ ရှိတယ်” လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။ နယ်စပ်ကုန်သွယ်ရေးစခန်း အသစ်တွေဖွင့်ဖို့က အဓိကအချက်က နယ်မြေဒေသ အေးချမ်းရေး၊ နှစ်နိုင်ငံ သဘောတူညီမှုရရှိရေးနဲ့ ထိုက်သင့်တဲ့ ကုန်သွယ်မှုပမာဏရှိရေးတို့ ဖြစ်ပါတယ်။ မယ်ဆယ် နယ်စပ်ကုန်သွယ်ရေးစခန်းအသစ်နဲ့ ပတ်သက်ပြီး စစ်ဆေးမှုအဆင့် ပြီးသွားပြီမို့ ညှိနှိုင်းမှုပြီးရင် ဖွင့်မယ်လို့ ဆိုပါတယ်။ ကုန်သွယ်မှု ဖွံ့ဖြိုးဖို့ လိုအပ်တဲ့ နေရာဒေသတွေမှာ နယ်စပ်ကုန်သွယ်ရေး စခန်းအသစ်တွေ ထပ်ဖွင့်ပေးမှာ ဖြစ်ပါတယ်။ လက်ရှိ တစ်နှစ်အတွင်း မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၈.၁၅ ဘီလျံအထိ ဖြစ်ပါတယ်။ အရင်နှစ်ကထက် ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဘီလျံ တက်လာတယ်လို့ ဆိုပါတယ်။ စားအုန်းဆီကို အရင်က ကုမ္ပဏီတစ်ခုတည်းကိုပဲ တင်သွင်းခွင့်ပြုရာကနေ အခုနိုင်ငံခြားငွေရှိတဲ့ ကုမ္ပဏီတွေ လွတ်လပ်စွာ တင်သွင်းခွင့်ရနေပြီ ဖြစ်ပါတယ်။ အချိုမှုန့်၊ အချိုရည်၊ ဘီစကွတ်မျိုးစုံ၊ စည်သွပ်ဘူး(အသားနဲ့ အသီးစုံ) တွေနဲ့ ခေါက်ဆွဲခြောက် အမျိုးမျိုးကိုလည်း ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ဒေသတွေကနေ တင်သွင်းခွင့်ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့က စခွင့်ပြုခဲ့တာတွေကြောင့် တစ်နှစ်အတွင်း ကုန်သွယ်မှုပမာဏမှာ တိုးလာတယ်လို့ သိရပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ တမူး၊ ရိဒ်၊ မောင်တော၊ စစ်တွေ၊ ဗန်းမော်(လွယ်ဂျယ်)၊ မူဆယ် ၁၀၅ မိုင်၊ ချင်းရွှေဟော်(ကွမ်လုံ)၊ တာချီလိတ်၊ မြဝတီ၊ မြိတ်နဲ့ ကော့သောင်း စတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေ ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment