ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, July 02, 2012



နိုင်ငံခြားမှာတုန်းက မူးမော အန်ထွက်တာတောင် တစ်ပွဲမှ မပျက်အောင် တက်ခဲ့တဲ့ လွှတ်တော်အမတ် ဒေါ်စု ပြည်တွင်းကလွှတ်တော်ကိုတော့ ပင်းပန်းလို့ မတက် ဟု ဆို



ကိုယ်ရေးကိုယ်တာပွဲအားလုံးကိုတော့ မူးမော အန်ထွက်တာတောင် ရှိသမျှ ပွဲအားလုံးကို ရှေ့ဆုံးက မိုက်ကိုင်ပြီး စကားပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့အတွက် ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးကိုတော့ ပင်ပန်းလို့ (၃) ရက်မတက်ဘူးလို့ သတင်းရရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ယခု ဇူလိုင် ၄ ရက်နေ့တွင် စတင်ကျင်းပမယ့် ပြည်သူ့လွှတ်တော်အစည်းအဝေးအတွက် ခွင့်တင်ကြောင်း၊ ဇူလိုင်လ ၉ ရက်မှ တက်ရောက်လိုကြောင်း တင်ပြထားတယ် လို့ အင်န်အယ်ဒီပါတီ ပြောခွင့်ရ ဦးဉာဏ်ဝင်းက ပြောပါတယ်။

ခရီးပန်းလို့ မတက်နိုင်တာပါလို့ အကြောင်းပြပါတယ်။ ပြည်သူ့လွှတ်တော်တွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေရာကတော့ နောက်ဆုံးတန်းက ခုံနံပတ် ၄၀ ဖြစ်ပါတယ်။ အသက် ၄၀ ကျော်မှ မြန်မာနိုင်ငံ ပြန်လာဖို့ သတိရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုထားတာ ဖြစ်နိုင်တယ်လို့ ဝေဖန်မှုတွေ ရှိပါတယ်။

ဝါရင့် နိုင်ငံရေး ကျွမ်းကျင်သူများကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လွှတ်တော်အတွင်းမှ အမတ်များကို ကြောက်နေကြောင်း၊ သူမကိုယ်သူမ အယုံအကြည်မရှိလို့ ချက်ချင်းမတက်ရဲတာ ဖြစ်နိုင်ကြောင်း သုံးသပ်ကြပါတယ်။

အထူးသဖြင့် ယခုတကြိမ် လွှတ်တော် ဆွေးနွေးပွဲတွင် ရိုဟင်ဂျာပြဿနာ၊ ဥပဒေစိုးမိုးရေးပြဿနာ၊ ရင်ကြားစေ့ရေး ပြဿနာ၊ "မြန်မာ - ဗမာ" ပြဿနာ များကို ဆွေးနွေးမယ်လို့ ယူဆရပါတယ်။ ရိုဟင်ဂျာ ပြဿနာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကသာ ရိုဟင်ဂျာ ကို မြန်မာတိုင်းရင်းသား အဖြစ် အသိအမှတ်မပြုကြောင်း ထုတ်မပြောရဲသေးတာဖြစ်ပြီး အစိုးရနဲ့ အင်အားအကြီးဆုံးပါတီဖြစ်တဲ့ ပြည်ခိုင်ဖြိုးက ထုတ်ပြောပြီး ဖြစ်ပါတယ်။ ဥပဒေ စိုးမိုးရေး မှာလည်း ဒေါ်အောင်ဆန်းစုကြည် ရဲ့ နောက်လိုက်များက ဒီနှစ်အတွင်းမှာ ဂျာနယ်လစ် တစ်ဦးနဲ့ ရခိုင်ပြည်သူ တစ်ဦးကို ဥပဒေမဲ့ ကိုယ်ထိလက်ရောက် စော်ကားခဲ့ပါတယ်။ အမျိုးသား ရင်ကြားစေ့ရေးမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ အစ်ကို အရင်းဖြစ်သူကို အမွေ တဝက်ခွဲမပေးလိုတာကြောင့် အယူခံဝင်မှာ ဖြစ်ပြီး "မြန်မာ- ဗမာ" ပြဿနာမှာလည်း ရွေးကောက်ပွဲ ကော်မရှင်က နောက်ဆုံးအကြိမ် သတိပေးထားတဲ့အပြင် NLD ပါတီဝင် အများအပြားကပါ မြန်မာ လို့ သုံးစွဲနေပြန်ပါတယ်။

အဖက်ဖက်က အားနည်းပြီး အဆင်သင့်မဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကြောက်ရွံ့အားငယ်နေပြီး လွှတ်တော်အမတ်များကို မျက်နှာပြရဲတဲ့ သတ္တိမရှိဘူးလို့ သိရပါတယ်။ အကြောင်းမသိသူများကို နိုဘယ်ဆုရင်ဆိုပြီး ရင်ကော့ လက်မထောင်ပြလို့ ရပေမယ့် လွှတ်တော်အတွင်းမှ နိုင်ငံရေးကျွမ်းကျင်သူများ ရှေ့မှာ လှောင်ခံရမှာကို အရမ်းကြောက်ရွံ့နေကြောင်း သိရပါတယ်။
ပထမအကြိမ်၊ တတိယမြောက် လွတ်တော်အစည်းဝေးများကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ် ကျမ်းသစ္စာ ဆိုခဲ့သည့် မေလ ၂ ရက်တွင် စတင် ရပ်ဆိုင်းခဲ့ပြီး စတုတ္ထမြောက် လွှတ်တော် အစည်းအဝေးများကို ဇွန်လ ၄ ရက်နေ့တွင် ပြန်လည် စတင်မှာ ဖြစ်ပါတယ်။

No comments:

Post a Comment