
ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ အကြံပေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ
ဒေါက်တာ ဦးနေဇင်လတ်၏ "အထိန်းညှိခံလား၊ ထိန်းညှိသူလား" ခေါင်းစဉ်ဖြင့်
ဟောပြောပွဲတစ်ရပ်ကို မန္တလေးမြို့၊ Hotel Mandalay တွင် ယနေ့ (၃၀-၆-၂၀၁၂)
ညနေ ၅ နာရီမှ စတင်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
အခမ်းအနားသို့
ပရိတ်သက်များ အခန်းလုံးပြည့် တက်ရောက်ခဲ့ပြီး
စည်းကမ်းရှိရှိငြိမ်ငြိမ်သက်သက်ဖြင့် နားထောင်ကာ လူအများအပြား
နှစ်ချိတ်သဘောကျကြကြောင်း သိရပသည်။
ဒေါက်တာနေဇင်လတ်သည် ရန်ကုန်၊ စက်မှုတက္ကသိုလ်ကျောင်းဆင်းတစ်ဦးဖြစ်ပြီး MBA, Doctor of Business Administration ဘွဲ့များလည်းရရှိထားသူ ဖြစ်သည်။
No comments:
Post a Comment