ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, July 02, 2012

ကိုသူရရေ ...ကျွန်တော်တို့ ယူတတ်ရင်တော့ သင်ခန်းစာပေါ့ဗျာ (၂)


From : ခွန်စိုင်း
ကိုသူရရေ

နောက်တနေ့မှာ ခင်ဗျားအကြောင်း ရိုက်ထားတဲ့ ရုပ်ရှင် ‘This Prison Where I Live,’ ကို ရိုက်ကူးပေးတဲ့ ဒါရိုက်တာ Rex Bloomstein နဲ့ ခင်ဗျား တို့ ၂ယောက် Amnesty International - Human Right Centre မှာ အပြန်အလှန်ဆွေးနွေးပွဲလေးလုပ်ဖြစ်တော့ ခင်ဗျားကို ကျွန်တော် မှတ်မှတ်ရရဖြစ်အောင်မေးခွန်းတခုမေးလိုက်ခဲ့တယ်

အဲဒီနေ့က ခင်ဗျားရုပ်ရှင်ထဲက အဓိကဇာတ်ကောင် -ခင်ဗျားရှိတဲ့ မြစ်ကြီးနားထောင်အထိ ဂျာမဏီကနေ လာငေးမောကြည့်ရှုသွားတဲ့ သူငယ်ချင်း ဂျာမန်လူရွှင်တော်( the German comedian Michael Mittermeier,) ကအချိန်တန်တဲ့အထိေ
ရာက်မလာနိုင်ဘူး။ သူ့သမီးလေး နေမကောင်းဖြစ်နေတာ မသက်သာလို့ ဒီနေ့ပွဲကို ပျက်ကွက်သွားတာသူ့ကိုခွင့်လွှတ်ဘို့ ဂျာမဏီကနေ အီးမေးလ်လေးပို့တောင်းပန်ထားတာလေးကို ပွဲအစမှာဒါရိုက်တာကဖတ်ပြလို့ ကျွန်တော်တို့ ပရိသတ်တွေသိရတယ်။(မနေ့ကတော့ သူ လန်ဒန်မှာ ခင်ဗျားနဲ့အတူရှိနေပေးခဲ့တယ်)

ကျွန်တော်က အဲဒါကို ပြန်ကောက်ပြီးခင်ဗျားကို ပြန်ချည်တဲ့မေးခွန်းပါ။ ပြီးခဲ့တဲ့ ကိုဇာဂနာ အမေရိကားခရီးစဉ်မှာ တလနဲ့ ၁၀ ရက်ကြာတယ်။ မိသားစုနဲ့ ဘယ်နှစ်ရက်နေခဲ့သလဲမေးတော့ ၆ ရက်တဲ့ ။ကောင်းပြီ။ အခုခင်ဗျားသူငယ်ချင်း က သူ့သမီးလေး နေမကောင်းလို့ ခင်ဗျားနဲ့တွေ့ရမယ့် ဒီပွဲကို ဖျက်လိုက်တယ်။ ဒါကို ကျွန်တော်ကတော့ကြိုက်တယ်။ တခါတလေမှာမိသားစုကိစ္စကို ဦးစားပေးသင့်တယ်။ ခင်ဗျားကောဘယ်လိုသဘောရသလဲ။ မိသားစုကိစ္စတွေထက် တခြားအရေး တိုင်းပြည်အရေးအမြဲဦးစားပေးနေမှာလားလို့မေးတော့
နောက်ဆုံး
ခင်ဗျားက တိုင်းပြည်အရေးကိုပဲ ဦးစားပေးမယ်လို့ ဖြေသွားတယ်။

ကျွန်တော်က ခင်ဗျားကိုခင်ဗျား ဇနီးရယ် သမီးနဲ့ သားလေးနဲ့ရယ်- ပျော်ရွှင်စွာပြန်ဆုံနေတဲ့ ဓါတ်ပုံလေးကို အရမ်းသဘောကျနေခဲ့တာ။ သူတို့တွေ ခင်ပွန်းအရိပ် အဖေအရိပ်မှာ ခဏတဖြုတ်လေး နေခွင့်ရလိုက်ကြ။ တကယ်ကျတော့ သူတို့ အဖေ သူတို့မပိုင်တော့သလိုပဲ။ ။သူ့ယောကျာင်္းကို သူမပိုင်တော့သလိုပဲ။ အမေရိကားကိုလာတာတောင် မိသားစုကိုခင်ဗျားရတဲ့ အချိန်ကာလလေးရဲ့ ၆ပုံတပုံပဲပေးခဲ့နိုင်တော့တယ်။
ဒီလို လူမျိုးကိုတောင် လူတွေက အမှားတချက်မခံချင်ကြဘူး။ အပြတ်အသတ်တွယ်ချင်ကြတာကို ကျွန်တော်စိတ်မကောင်းဖြစ်နေမိတယ်။

ခင်ဗျား ဗိုလ်ချုပ်အောင်ဆန်းအထုပ္ပတ္တိရိုက်ဖို့ အင်္ဂလန်က လာကို လာရဦးမှာပါဗျာ လို့ ကျွန်တော်က ပြောတော့ ခင်ဗျား မချိပြုံးလေးလောက်ပဲ ပြုံးပြနိုင်တယ် ။
လူဆိုတာ မှားတတ်တာပါပဲဗျာ။ အမှားမကင်းပါဘူး။ များများ မှားသူ နဲနဲမှားသူ ဒါပဲကွာတာပါ။ ဒေါ်အောင်ဆန်ုးစုကြည်-အင်္ဂလန်ကိုရောက်လာတဲ့ကာလဟာ အင်္ဂလန်မှာနေထိုင်တဲ့မြန်မာနိုင်ငံသားအတော်များများအတွက် စိတ်လှုပ်ရှားစရာ ကာလလို့ပြောနိုင်သလို လူတချို့အတွက်လည်း သေချာ ပြန်သုံးသတ်စဉ်းစားသင့်တဲ့ ကာလပါ။


စကားချပ်။ ။ ( ကိုသူရ -- ဒီတခါ လူရွှင်တော် စိတ်ညစ်နေမှန်းသိလို့ အင်္ဂလန်သား သုံးယောက်က သူတို့အင်္ဂလန်အသင်း ပင်နတီ နဲ့ ဆုံးဖြတ်ရင် ရှုံးတော့မယ်ဆိုတာသိရက်နဲ့ ခင်ဗျားနဲနဲတော့ ပြန်ပျော်သွားပါစေတော့ဆိုပြီး လောင်းလိုက်လို့ ခင်ဗျားဘောလုံးပွဲ နိုင်သွားတာ နော)

ခွန်ဆိုင်း( ၂၉-၀၆-၂၀၁၂)



No comments:

Post a Comment