ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, July 02, 2012

NLD ပါတီဝင် အများအပြား အရေးယူခံရ




လက်တလော ဖြစ်နေတဲ့ "မြန်မာ" "ဗမာ" ပြဿနာ ကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အကြပ်ရိုက်နေချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည် ကို ခရီးရောက်မဆိုက်မှာ အမောဆို့အောင် လုပ်မှုနဲ့ NLD ပါတီဝင် ၁၀၀ ခန့်ကို ပါတီက ထုတ်ဖွယ်ရှိတယ်လို့ သတင်းရရှိပါတယ်။

ရွေးကောက်ပွဲကော်မရှင်က သတိပေးထားပါလျှက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံကို "မြန်မာ" လို့ သုံးစွဲခြင်း လုံးဝ မရှိပဲ "ဗမာ" လို့ သာ အမြဲ သုံးစွဲကာ ခေါင်းမာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြီးလျှင် အားလုံးပြီးတဲ့ ဦးဥာဏ်ဝင်း၊ ဦးတင်ဦးနဲ့ ဦးဝင်းတင် တို့ကလည်း ဒေါ်စု က ဗမာ ဆိုတော့ လိုက်ပြီး ဗမာ ရပါတယ်။

မနေ့က ဒေါ်အောင်ဆန်းစုကြည် ပြန်လာချိန်မှာတော့ "မြန်မာ" ကို
"မြန်မာ" ဟု သာ ခေါ်စေချင်တဲ့ အလိုက်ကမ်းဆိုးမသိတဲ့ NLD ပါတီဝင် အချို့က ဆိုင်းဘုတ် ဗွီနီုင်း များမှာ "မြန်မာ" ဆိုတဲ့ စာလုံးများကို ဒေါ်အောင်ဆန်းစုကြည် မြင်သာ အောင် ရေးပြီး ကြိုဆိုခဲ့ကြရာ ၎င်း တို့ကို မြင်ပြီး ဒေါ်အောင်ဆန်းစုကြည် ဒေါသ အလိပ်လိပ်ထွက်ကာ အမော ဆို့သွားလို့ လွှတ်တော်တောင် မတက်နိုင်တော့ဘူးလို့ သိရပါတယ်။



အဆိုပါ ဆိုင်းဘုတ်ကိုင်ပြီး ကြိုဆိုသူ၊ ဆိုင်းဘုတ်ရေးသားသူနဲ့ ထုတ်ဝေ သူ အားလုံး ၁၀၀ ခန့်ကို မကြာခင် အရေးယူမယ်လို့ သိရပြီး ပါတီဥက္ကဌရဲ့ သဘောထားနဲ့ အခေါ်အဝေါ် ကို ဆန့်ကျင်တဲ့ အမှုနဲ့ ပါတီက ထုတ်ဖွယ်ရှိတယ်လို့ သတင်းရရှိပါတယ်။

မြန်မာ ကို မြန်မာ ဟု သာ သုံးနှုံးရန်အတွက် ရွေးကောက်ပွဲ ကော်မရှင်က နောက်ဆုံးအကြိမ် ထပ်မံသတိပေးထားပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ ခုထိ လက်မခံဘူးလို့ သိရပါတယ်။

No comments:

Post a Comment