ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, July 02, 2012

ပြည်သူ့လွှတ်တော် ဥက္ကဌသူရ ဦးရွှေမန်း ဦးဆောင်သောအဖွဲ့ နှင့် ၈၈ - မျိုးဆက်ကျောင်းသား အဖွဲ့တို့ တွေ့ဆုံဆွေးနွေး



ရန်ကုန်မြို့ ၊ ရွှေဂုံတိုင်တာဝါတွင် ယနေ့ ဇူလိုင်လ ၁ရက်နေ့ နံနက် ၉ နာရီမှ ၁၀ နာရီခွဲအထိ ကျင်းပပြုလုပ်ခဲ့ သော ပြည်သူ့လွှတ်တော် ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေးကော်မရှင် (ရန်ကုန်ရုံးခွဲ) ရှိ အစည်းအဝေး ခန်းမတွင် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း နှင့် ရေးရာကော်မတီ ဥက္ကဌများ ပါဝင်သော အဖွဲ့နှင့် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ပြု လုပ်ခဲ့ကြသည်။

ထိုဆွေးနွေးပွဲသို့ သူရဦးရွှေမန်း(ပြည်သူ့လွှတ်တော်ဥက္ကဌ)၊ ဦးမောင်မောင်သိမ်း (စီးပွားကူးသန်းရေးနှင့် ကုန်သွယ် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဌ)၊ သူရဦးအေးမြင့် (အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှု ကော်မတီ ဥက္ကဌ)၊ ဦးဌေးမြင့်(ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုး တိုးတက်ရေးကော်မတီ ဥက္ကဌ)၊ သူရဦးအောင်ကို(တရားစီရင်ရေးနှင့် ဥပဒေရေးရာဆိုင်ရာကော်မတီ ဥက္ကဌ)၊ ဦးအောင်သိန်းလင်း(ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု စိစစ်ရေး ကော်မတီဥက္ကဌ)၊ ဦးခိုင်မောင်ရည် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) တို့ တက်ရောက်ခဲ့ကြပြီး ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့မှ မင်းကိုနိုင်၊ ကိုကိုကြီး၊ ပြုံးချို၊ မြအေး၊ ဂျင်မီနှင့် အံ့ဘွယ်ကျော် တို့ တက်ရောက်ခဲ့ကြသည်။

နံနက် ၉း၀၀ နာရီမှ ၁၀း၃၀ နာရီအထိ တစ်နာရီခွဲကြာ ဆွေးနွေးခဲ့ကြရာတွင် အသွင်ကူးပြောင်းကာလ နှင့် ပတ်သက်သော အကြောင်းအရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး ၈၈မျိုးဆက်ကျောင်းသားများက ယနေ့နိုင်ငံတော်၏ ဥပဒေ၊ နည်းဥပဒေ ကိစ္စရပ်များ၊ နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ရေးကိစ္စနှင့် ပြည်ပရောက်နိုင်ငံရေးအင်အားစုများ ပြန်လာနိုင်ရေးကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြသည်။

No comments:

Post a Comment