ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, July 02, 2012

ဒေါ်အောင်ဆန်းစုကြည်သို့ အိပ်ဖွင့်ပေးစာ (စာရပြီး မကြာခင် အတွင်း ရခိုင်သွားပါ)




From: ခိုင်အောင်ကျော် ( နယူးယောက် )

သို့ 
နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်

မြန်မာနိုင်ငံကို ပြန်ရောက်လာပြီဖြစ်လို့  နှစ်ပေါင်း ( ၂၄ ) နှစ်အတွင်း မထွက်ခွါခဲ့ ရဘဲ ပြန်လာလို့  ရသွားတဲ့ အခါ ပထမဆုံးကျေးဇူးတင်ရမှာက သမ္မတဦးသိန်းစိန် အစိုးရဖြစ်သွားပါရောလား ။ ဟိုးအရင်ကသာ အခုလိုမျိုး ပြည်ပနိုင်ငံကို ခရီးထွက်ခွါခွင့်ပေးပြီး ပြန်လာခွင့်ကိုလဲ အာမခံချက် ပေးခဲ့ ရင် အဲဒီတုံးက ဗိုလ်ချုပ်မှူးကြီးသန်းရွှေအစိုးရကို ဘာတခုမှ ဝေဖန်ပြောဆိုကြမှာ မဟုတ်ပါဘူးနော် ။ ခုတော့ သမ္မတကြီး ဦးသန်းစိန်ကတော့ မကြာခင် နိုဘယ်ငြိမ်းချမ်းရေးဆုကို ရယူနိုင်လောက်တဲ့ အခြေအနေမျိုးကို နေရာရသွားပါပြီကော ။ နိုင်ငံတကာကို ဒေါ်အောင်ဆန်းစုကြည် ခရီးလှည့်လည်ပြီး ဘုရင်မတွေ ၊ သမ္မတတွေ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်တွေ နဲ့  မြန်မာနိုင်ငံသားတွေကို တွေ့ ဆုံခဲ့ တာတွေကို သတင်းတွေမှာ မြင်ရလို့  စိတ်ချမ်းသာပီတိ ဖြစ်မိတာကလဲ အမှန်ပါဘဲ ဒေါ်စု ။ ထူးခြားတာက မြန်မာနိုင်ငံအတွင်းမှာ ထုတ်ဝေတဲ့  သတင်းစာတွေ ဂျာနယ်တွေမှာတော့ မဖေါ်ပြကြဘူးလို့  သိရတော့ စိတ်မကောင်းဖြစ်မိတာပါဘဲဗျာ ။

မီဒီယာဥပဒေတွေနဲ့  သတင်းစာလွပ်လွပ်ခွင့်တွေကို ညှိနိုင်းတိုင်ပင်နေကြတာကို သတင်းစာတွေမှာ တွေ့ ရတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ကမ္ဘာလှည့်သတင်းကို မဖေါ်ပြနိုင်ဘူးလို့  ထင်ရခြင်းမှအပ ဘာမှပြောဆိုစရာ မလိုတော့ပါဘူးဗျာ ။ ဒါပေမဲ့  ဒေါ်စုအနေနဲ့  မြန်မာကို ကမ္ဘာကသိအောင် လုပ်ပြနိုင်ခဲ့ ပါပြီ ။ မြန်မာနိုင်ငံသားတဦးပီပီ အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်းသမီးတယောက်ပီပီ ကမ္ဘာမှာ ပြိုင်စံရှားလောက်အောင် နိုင်ငံရေးသဘောတရားအမြင်များနဲ့  အတွေးအခေါ်ပိုင်းဆိုင်ရာများကို ချပြနိုင်ခဲ့ တာကို ကြည့်ခြင်းအားဖြင့် ကမ္ဘာ့ခေါင်းဆောင်ကြီးတွေဟာ လက်ဖျားခါလောက်အောင် လက်ခုပ်လက်ဝါးတွေကြားက အသိအမှတ်ပြုခဲ့ ကြရပါပြီ ။

ကမ္ဘာကြီးရဲ့ ထောင့်စွန်းလေး တနေရာက မြန်မာနိုင်ငံကို ကမ္ဘာ့ခေါင်းဆောင်တွေ ၊ ကမ္ဘာ့လူသားတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်မြတ်နိုးပြီး အပြန်ခရီးမှာ မြန်မာနိုင်ငံကို ပြည၀င်ခွင့်ဗီဇါ ရလေမလား စိုးတထိတ်ထိတ်နဲ့  စောင့်ကြည့်ယင်း ရှိနေခဲ့ ကြပါတယ် ။ ခုတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့  မွေးရပ်မြေကို ပြန်လည်ရောက်ရှိခဲ့ ပါပြီ ။ ချစ်မြတ်နိုးကြတဲ့  မြန်မာနိုင်ငံသားတွေကလဲဘဲ ဒေါ်အောင်ဆန်းစုကြည် အပြန်ခရီးမှာ လူပင်လယ်ကြီးနဲ့  ကြိုဆိုကြပါပြီ ။ အဲဒီကြိုဆိုတဲ့ နေရာမှာ ဒေါ်အောင်ဆန်းစုကြည် သတိမထားမိတဲ့  လူမျိုးတမျိုး ရှိနေတယ်ဆိုတာကို သိရအောင် ခုလို စာရေးသားပေးလိုက်ပါတယ် ဒေါ်စုခင်ဗျား

ဒေါ်အောင်ဆန်းစုကြည်ကို ရောက်လေရာ နေရာတိုင်းမှာ တိုင်းရင်းသားလူမျိုးတွေဟာ ကြိုဆိုတတ်ကြပါတယ် ။ လှပတဲ့  ဒေါ်စုမျက်နှာသွင်ပြင်ဟာ မိန်းမတယောက်ရဲ့  ကြက်သရေရှိလှတဲ့ 
မျက်နှာပြင်ရှိသလို ဗိုလ်ချုပ်အောင်ဆန်းရဲ့  သမီး ဖြစ်လို့ လဲဘဲ တိုင်းရင်းသားပေါင်းစုံက အချစ်ပိုကြတတ်ပါတယ် ။ အားလဲ အားကိုးကြပါတယ် ။ ဒါပေမဲ့ ဒေါ်စုရယ် - ကြိုဆိုတဲ့  နေရာမှာ မရောက်နိုင်ကြတဲ့  ရခိုင်လူမျိုးတွေဟာ ဒေါ်စုအပြန်လမ်းမှာ ဘေးမသီရန်မခ ရောက်လာတာကိုဘဲ အထူးပျော်ရွှင်မိကြတာတော့ အမှန်ပါဘဲ ။

သူတို့ တွေ ဘာကြောင့်များ ဒေါ်စုတယောက် ပြည်တော်ပြန်ခရီးကို ဘာကြောင့် မကြိုဆိုနိုင်ကြပါလိမ့် ။ ပါတီရုံးကို ပြန်ရောက်တဲ့ အခါ ဒေါ်စုရဲ့  အမွေဆိုင်အိမ်ပြသနာ၊ ဦးညဏ်ဝင်းကို တရားစွဲတဲ့  ပြသနာနဲ့  ပါတီညီလာခံပြုလုပ်ဖို့ လောက်သာ သတင်းတွေ တင်ပြခဲ့ ရင်တော့ ဒေါ်စုနဲ့  ရခိုင်ပြည်နယ်ဟာ ဒီခရီးလို အဝေးကြီး ဝေးသွားမှာဖြစ်ပါတယ် ဒေါ်စုခင်ဗျား ။ တောင်အာဖရိကမှ လူမဲလေးတယောက် ပြသနာဖြစ်လို့  သေဆုံးရတော့ အဲဒီအခင်းဖြစ်ပွါးတဲ့ နေရာကို ပထမဆုံးရောက်သွားတဲ့ သူက နယ်လဆင်မင်ဒဲလားရဲ့  ကွာရှင်းပြီးသား မိန်းမ မစ္စမင်ဒဲလားပါဘဲ ။ သူမ-ပြောတာက အခုလို ပြသနာဖြစ်နေတဲ့ နေရာကို ဘယ်မှာလဲ သမ္မတတွေ -အစိုးရတွေ - နိုင်ငံရေးသမားတွေ တယောက်မှလဲ မရောက်လာကြဘူးလား ။ ကျမတို့ လို ပြည်သူတွေကဘဲ အရင်ဆုံးရောက်လာကြရပါလား ဆိုပြီး ပြောဆိုသွားတာ သတင်းစာတွေမှာ ဖေါ်ပြခဲ့ ပါတယ် ။ အဲဒီအချိန်မှာ မစ္စတာ နယ်လဆင်မင်ဒဲလားဟာ သမ္မတပါဘဲ ။

အခုလဲဘဲ ရခိုင်ပြည်မှာ ရခိုင်လူမျိုးတွေဟာ လူများစုဖြစ်ပေမဲ့  လူနည်းစုဖြစ်တဲ့  ဘင်္ဂလီမွတ်ဆလင်လူမျိုးတွေရဲ့  အကြံပက်စက်မှုတွေကြောင့် နေအိမ်တွေ မီးရို့ တာခံလိုက်ရပါပြီ ။ ရက်ရက်စက်စက် အစုလိုက် အပြုံလိုက် အသတ်ခံနေရပါပြီ ။ ရခိုင်လူမျိုးတွေဟာ သူတို့ ရဲ့ မြို့ ရွာတွေ ရပ်ကွက်တွေမှာ နေစရာမရှိလို့  ဘုန်းကြီးကျောင်းတွေမှာ ကပ်ခိုပြီး ဒုက္ခသည်အဖြစ် သောင်းနဲ့ ချီလို့ နေနေကြရပါပြီ ။ ဒေါ်စုချစ်ခင်လှတဲ့  ရုပ်ရှင်မင်းသားတွေ အဆိုကျော်တွေက အဲဒီဒုက္ခသည်တွေဆီကို သွားပြီး အလှူအဒန်းတွေ အ၀တ်အစားတွေ အစားအသောက်တွေ ပေးနေကြပါပြီ ။ အဲဒီအနုပညာရှင်တွေဟာ ရခိုင်လူမျိုးတွေကို သနားကြင်နာလွန်းလွန်း အားကြီးလို့  သူတို့  ရင်ဘတ်ထဲက စေတနာတွေနဲ့  မျက်ရည်ဝဲစွာ အားပေးနှစ်သိမ့် နေကြပါပြီ ။ ရခိုင်အဆိုတော်တဦးဖြစ်တဲ့ ဖေါ်ကာက ရန်ကုန်မှာ စားစရိတ်လောက်ကိုသာ ချန်ထားပြီး အားလုံးငွေကို ပေးလှူဖို့  သွားမှာပါလို့  ပြောသွားတာ ကြားရတဲ့ သူတွေအဖို့  မျက်ရည်ကျပြီး အကြိမ်ကြိမ်သာဓုခေါ်ကြရပါပြီ ၊ ရုပ်ရှင်မင်းသားပြေတီဦးက သူတို့ တွေကို မြင်တော့ စိတ်မှာခံစားတာတွေ ပြောပြတော့ ၈ျာနယ်တွေကို ဖတ်ရတဲ့ သူတိုင်း ခံစားစာနာကြရပါတယ် ။ လူပျက် ဇါကနာကလွဲလို့  ကျန် မြန်မာနိုင်ငံက ဘယ်တိုင်းရင်းသားလူမျိုးမဆို ရခိုင်ဒုက္ခသည်တွေကို အလှူအဒန်းတွေ ပေးနေကြပါတယ်ဒေါ်စု ၊ သင်္ကြန်ဆိုရင် မန္တလေးက အလှပြကားနဲ့  ရေပက်ခံထွက်တာ နာမည်နဲ့ တွဲ ပြီးတော့ကို လူတိုင်းသိကြသလို အခုလဲဘဲ ရခိုင်ဒုက္ခသည်တွေအတွက် မန္တလေးမြို့ သူမြို့ သားတွေက အလှပြသင်္ကြန်ကားတွေနဲ့ အတူ အလှူခံ ထွက်နေကြပါလေရဲ့  ဒေါ်စုရယ် ။

မုတ်ဆိတ်မွှေး ပသိုင်းမွှေးတကားကားနဲ့  ရှိတဲ့  ဘင်္ဂလီမွတ်ဆလင် လူမျိုးတွေကို ချော့သိပ်ခဲ့ တဲ့  ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  နယ်လဆင်မင်ဒဲလားရဲ့  မိန်းမလို အခုအချိန်မှာ ရခိုင်လူမျိုးတွေကို တလှည့် ရခိုင်ပြည်နယ်ကို အမြန်ဆုံးသွားရောက်စေလိုပါတယ် ။ ဒေါ်စုရဲ့  အမွေဆိုင်အိမ်ကိစ္စကို ရခိုင်လူမျိုးတွေက ကြားဝင်ပြီး ဖြေရှင်းကြရမယ်ဆိုရင် ကြားဝင်ဖြေရှင်း ပေးကြမှာဖြစ်ပါတယ် ။ ဦးညဏ်ဝင်းရဲ့  တရားစွဲဆိုခံထားရတာကလဲဘဲ ဘာမှ အရေးမကြီးသလို ပါတီညီလာခံဟာလဲဘဲ ဘာမှ ဒေါ်စုအနေနဲ့  ဆောင်ရွက်စရာ မရှိပါဘူး ။ ပြည်သူချစ်တဲ့  အနုပညာရှင်တွေတောင်မှ တရက်ခရီးနဲ့  ရခိုင်လူမျိုးတွေကို မျက်နှာပြခဲ့ ကြရင် ဒေါ်စုအနေနဲ့  ပြည်သူလူထုကို ဘယ်လိုမျက်နှာပြရမယ် ဆိုတာ နားလည်နိုင်ပါလိမ့်မယ် ။ အထူးသဖြင့် မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုးဆိုတာ တိုင်းရင်းသားမဟုတ်ဘူးလို့  နိုင်ငံရေးပါတီတွေ ၊ ၈၈-ကျောင်းသားတွေ ၊ တိုင်းရင်းသားပါတီတွေ-ဆရာတော်တွေ - ကျောင်းသားသမ္မဂတွေ နောက်ဆုံး အစိုးရက တာဝန်ရှိပုဂ္ဂိုလ်တွေက လူပြိန်းနားလောက်အောင် ပြောထားကြပါပြီ ။ ဒေါ်စုအနေနဲ့  ပြတ်ပြတ်သားသားဘဲ ကမ္ဘာလှည့်နေချိန် လူပြိန်းနားလည်လောက်အောင် မပြောဆိုခဲ့ တာကို ကြည့် ပြီး ရခိုင်လူမျိုးတွေဟာ ဒေါ်စုကို -၈၈- ကျောင်းသားခေါင်းဆောင် ကိုကိုကြီးလောက် လေးစားချင်စိတ် မရောက်သွားကြတာကို အကဲခတ်မိပါတယ် ။ ဘာဘဲဖြစ်ဖြစ် လူထုရဲ့  ချစ်ခင်မြတ်နိုးမှုကို ရယူထားတဲ့ ဒေါ်စုအနေနဲ့  ရခိုင်လူမျိုးတွေကို အချိန်တခုအနေနဲ့  သွားရောက်တွေ့ ဆုံသင့်တယ်လို့  ပြောလိုက်ပါရစေ ။

No comments:

Post a Comment