ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Thursday, August 02, 2012


ရခိုင်ပြဿနာဖြစ်အပြီး နောက်ဆက်တွဲအနေဖြင့် မြန်မာဗုဒ္ဓဘာသာ ဘုန်းကြီးများကို မွတ်ဆလင်နိုင်ငံများက အမျိုးမျိုး စွပ်စွဲ အပြစ်တင် မှုတွေ ရှိခဲ့ပြီး ဗုဒ္ဓဘုရား ကိုပင် သရော်လှောင်ပြောင် မှုများကို တွင်တွင် ကျယ်ကျယ်လုပ်နေချိန် တလျှောက်လုံးတွင် ပြည်တွင်းရှိ ပါလေရာ ဘုန်းကြီးများမှ တခွန်း မှ ငြင်းပယ်ခြင်း၊ ကန့်ကွက်ခြင်း မရှိပဲ ပျောက်နေခဲ့ရာမှ ၎င်း ဘုန်းကြီးများ ဟာ လာမယ့် ရှစ်လေးလုံး အခမ်းအနား မှ ပြန်ပေါ်မယ်လို့ သတင်းရရှိပါတယ်။
သံဃာများနှင့် တိုက်ရိုက်သက်ဆိုင် စွပ်စွဲခံရသော ဘာသာရေး ရှုံ့ချမှုများတွင် ငြိမ်နေကြပြီး သံဃာထု နှင့် လားလားမျှ မသက်ဆိုင်သော ၂၄ နှစ်မြောက် ရှစ်လေး လုံးလူထုလှုပ်ရှားမှုနှစ်ပတ်လည် အခမ်းအနားကို တော့ မန္တလေးမြို့မှာ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပါဝင်ဆောင်ရွက်ပေးယ်လို့ ဟု ဇူလိုင် ၂၇ ရက်တွင် ကျင်းပမယ့် အခမ်းအနားဖြစ်မြောက်ရေးအစည်း အဝေးအပြီးမှာ သံဃာတော်တွေ က သဘောတူညီခဲ့ကြပါတယ်။

၂၀၀၇ စက်တင်ဘာလတုန်းကလည်း ရန်ကုန်မြို့မှ အသက် ၂၀ ဝန်းကျင် စကားမပီသော ဘုန်းကြီး အများအပြားဟာ လမ်းပေါ်ထွက် ကာ မေတ္တာပို့တာတွေ လုပ်ခဲ့ပေမယ့် ယခု အခါ မြန်မာဘုန်းကြီးများကို လူသတ်သမားလို့ စွပ်စွဲနေချိန်မှာတော့ ရွှေဝါရောင်ဘုန်းကြီးများ ပျောက်ချက်သားကောင်းနေကြောင်း သိရပါတယ်။

No comments:

Post a Comment