ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Thursday, August 02, 2012

ဖွံ့ဖြိုးမှုကူညီရန် ကမ္ဘာ့ဘဏ်ရုံးဖွင့်


From : 7Day News Journalကမ္ဘာ့ဘဏ်သည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို ပိုမို၍ အားပေးထောက်ခံလာပြီး မြန်မာနိုင်ငံတွင်လည်း ရုံးခွဲတစ်ခုဖွင့်လှစ်တော့မည်ဖြစ်သည်။ မြန်မာနိုင်ငံအား ကန်ဒေါ်လာ ၈၅ သန်း ထောက်ပံ့ကြေးပေးအပ်ရေးအတွက်လည်း ကမ္ဘာ့ဘဏ်က ၄င်း၏ ဘုတ်အဖွဲ့ကို တင်ပြမည်ဖြစ်သည်။

ယင်းထောက်ပံ့ကြေးဖြင့် ဒေသခံပြည်သူများ ဦးဆောင်သည့် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များ ချမှတ်၍ အမျိုးသား၊ အမျိုးသမီး၊ ကလေးသူငယ်အားလုံး အကျိုးကျေးဇူးခံစားရမည်ဖြစ်သည်။ ရန်ကုန်တွင် ယနေ့ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ကမ္ဘာ့ဘဏ်၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဌာန ဒုတိယဥက္ကဋ္ဌက ထိုထောက်ပံ့ငွေများမှာ ပဋိပက္ခဖြစ်ပွားရာဒေသ ဖွံ့ဖြိုးရေးအတွက် ဦးစားပေးမည်ဟုပြောခဲ့သည်။

မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် အာရုံစူးစိုက်ဆောင်ရွက်နေကြောင်း
ကမ္ဘာ့ဘဏ်အုပ်စု ဥက္ကဋ္ဌ မစ္စတာဂျင်ယောင်ကင်ကပြောကြားသည်။

ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒု-ဥက္ကဋ္ဌ မစ္စပါမယ်လာကော့စ်သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး ရန်ကုန်မြို့၌ ကမ္ဘာ့ဘဏ်အုပ်စု ရုံးခွဲဖွင့်လှစ်ချိန်တွင် ချေးငွေများ ပေးမည့်အကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။ မစ္စပါမယ်လာနှင့်အတူ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်း ဒုတိယဥက္ကဋ္ဌ မစ္စကာရင်ဖင်ကယ်စတန်လည်း ရန်ကုန်မြို့တွင် ရောက်ရှိနေသည်။
မစ္စပါမယ်လာကော့စ်နှင့် မစ္စဖင်ကယ်စတန်တို့သည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားလွှတ်တော်ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံခဲ့သည်။

ယခုအခါတွင် ကမ္ဘာ့ဘဏ်သည် ဆင်းရဲနွမ်းပါးမှုအတိုင်းအတာကို ပိုမိုသိရှိနားလည်ရေး၊ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစနစ်အား တိုးချဲ့ရေး၊ ခေတ်မီအောင် ပြုပြင်အောင် လုပ်ဆောင်ပေးရေးတို့အတွက် မြန်မာနိုင်ငံတွင် စီးပွားရေးသုတေသနများ လုပ်ဆောင်နေသည်။
ယင်းနယ်ပယ်များကို စတင်ကိုင်တွယ်ခြင်းဖြင့် အစိုးရအနေနှင့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်နိုင်မည်ဖြစ်ကာ ကုန်သွယ်ရေးကို တိုးချဲ့နိုင်ပြီး၊ အရင်းအမြစ်များကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်မည်ဖြစ်ကြောင်း၊ ပြည်သူများအတွက်လည်း အလုပ်အကိုင်များ ပိုမိုဖန်တီးပေးနိုင်မည်ဟု မစ္စပါမယ်လာကော့စ်ကပြောကြားသည်။

နိုင်ငံတကာဘဏ္ဍာရေး ကော်ပိုရေးရှင်း(IFC)မှာ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးခြားအလေးထားလုပ်ဆောင်သော ကမ္ဘာ့ဘဏ်အုပ်စုအဖွဲ့ဝင် ကော်ပိုရေးရှင်းဖြစ်သည်။ ယခုအခါတွင် IFC အဖွဲ့ကလည်း ပုဂ္ဂလိကကဏ္ဍအတွက် အရးကြီးသော ဧရိယာများဖြစ်သည့် ဘဏ္ဍာရေးရရှိနိုင်မှု၊ ရင်းနှီးမြှုပ်နှံမှု လုပ်ရသည့်အနေအထားနှင့် အခြေခံအဆောက်အအုံကဏ္ဍများတွင် အကဲဖြတ်လေ့လာမှုများ လုပ်ဆောင်နေသည်။ ယင်းအကဲဖြတ်မှုများမှ ထွက်ပေါ်လာသည့် ရလဒ်များမှာ မြန်မာနိုင်ငံတွင် လုပ်ဆောင်မည့် IFC အစီအစဉ်များ၏ အခြေခံများဖြစ်လာမည်ဖြစ်သည်။

ကမ္ဘာ့ဘဏ်တွင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၈၈ နိုင်ငံပါဝင်ပြီး မြန်မာနိုင်ငံမှာ ၁၉၅၂ ခုနှစ်ကပင် အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့သည်။ သို့သော် ၁၉၈၇ ခုနှစ်မှစ၍ ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံသို့ ချေးငွေများ ပေးအပ်ခြင်းမရှိတော့ပေ။ မြန်မာအစိုးရဘက်ကလည်း ၁၉၉၈ ခုနှစ်မှစ၍ ကြွေးကျန်များ ပေးအပ်ရန်ပျက်ကွက်ခဲ့ပြီး မကြာသေးမီကမှ ကမ္ဘာ့ဘဏ်ကြွေးကျန် ကန်ဒေါ်လာ ၃၉၇ သန်းအား ရှင်းလင်းခဲ့သည်။

No comments:

Post a Comment