မုံရွာမြို့နယ်ဇလုပ်ကျေးရွာအနောက်ပိုင်းနေထိုင်သူ
မောင်အောင်ဆန်းဝင်းအားမုံရွာစီးပွားရေးတက္ကသိုလ် ပြင်ပအဆောင်နေ
ကျောင်းသားအချို့က ယမန်နေ့ညပိုင်းက ၀ိုင်းဝန်းရိုက်နှက်ခဲ့မှုကြောင့်
မကျေနပ်သော ဇလုပ်ကျေးရွာ ဆရာတော်များနှ င့်ကျေးရွာသူကျေးရွာသား(၅၀)ခန့်သည်
မုံရွာစီးပွားရေးတက္ကသိုလ်အနီး ပြင်ပဘော်ဒါဆောင်များတွင်
ရိုက်နှက်သူများကို လိုက်လံရှာဖွေခဲ့ပြီး မုံရွာစီးပွားရေးတက္ကသိုလ်အနောက်
ဘက်ရှိ အီကိုကင်း
အမျိုးသားဘော်ဒါဆောင်အား ၀ိုင်းထားစဉ်
မုံရွာမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊
မုံရွာမြို့နယ်သံဃာ့နာယက ဆရာတော်ကြီးများရောက်ရှိလာပြီး
အခြေအနေအားလုံးထိန်းသိမ်းနိုင်ခဲ့ကြောင်းသတင်းရရှိသည်။
သြဂုတ် ၁ ရက် ည ၁၀ နာရီခွဲအချိန်ခန့်က
မုံရွာစီးပွားရေးတက္ကသိုလ်အနောက်ဘက်ကျောက္ကာလမ်းမကြီးပေါ်တွင်
ရိုက်နှက်မှုဖြစ်ပွား ခဲ့ခြင်းဖြစ်ကာ
ကျောင်းသားများဝိုင်းဝန်းရိုက်နှက်မှုခံရသော
မောင်အောင်ဆန်းဝင်းကတရားလိုပြုလုပ်တိုင်ကြားသဖြင့်မုံရွာမြို့နယ်
အမှတ်(၂)ရဲတပ်ဖွဲ့စခန်းက (ပ)(၃၃၉/၂၀၁၂)ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၃၂၅)အရ
အမှုဖွင့်၍ စုံစမ်းစစ်ဆေးလျက်ရှိသည်။
No comments:
Post a Comment