ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Thursday, August 02, 2012

အလုပ်သမားများ ၏ လုပ်ငန်း ခွင်ဆိုင်ရာ ဆန္ဒထုတ်ဖော်မှုများ နှင့် ပတ်သက်၍ စုံစမ်းရေးကော်မရှင် တစ်ရပ် ဖွဲ့စည်းရန် အဆို ကန့်ကွက်မဲ ၂၂၈ဦး ရရှိ


From : ရန်ကုန်တိုင်း

ပြည်သူ့ လွှတ်တော်တွင် သင်္ဃန်းကျွန်းမြို့နယ်မဲဆန္ဒနယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်း ညွန့်တင်သွင်း သည့် ရန်ကုန်တိုင်း ဒေသကြီး ၏ စက်ရုံအလုပ်ရုံအချို့ အပါအဝင် အလုပ်သမားများ ၏ လုပ်ငန်း ခွင်ဆိုင်ရာ ဆန္ဒထုတ်ဖော်မှုများ နှင့် ပတ်သက်၍ ဖြစ်ပွားရသော လက်ငင်း အကြောင်းရင်း များနှင့် အရင်းခံအကြောင်းရင်း များကို လေ့ လာပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို မထိခိုက်စေဘဲ အဖြေရှာ ရန်အတွက် အများကြည်ညိုလေးစားပြီး ယုံကြည် ရသောပုဂ္ဂိုလ်များပါဝင်သည့် အလုပ် သမား ဆန္ဒဖော်ထုတ်မှုများ နှင့်ပတ် သက်သည့် စုံစမ်းရေးကော်မရှင် တစ်ရပ် ဖွဲ့စည်းရန် ပြည်ထောင်စု အစိုးရ အား တိုက်တွန်းကြောင်းအဆို သည် ထောက်ခံမဲ ၄၃ မဲသာရရှိခဲ့ကြောင်း သိရသည်။

ယင်းအဆိုနှင့် ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် အလုပ် သမားဝန်ကြီး ဦးအောင်ကြည်ကနေ ၍ ''ယခု အဆိုကို ကျောက်ကောင်း နှစ်ပွင့်ဖြစ်တဲ့ အလုပ်သမားဆိုင်ရာ ဥပဒေတွေ ထွက်ရှိနေပါပြီ။ ဒါကြောင့် ယခုအဆိုဟာ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းဖို့ မလိုအပ်ပါဘူး၊ နိုင်ငံတကာ မှာလည်း ဥပဒေ အသစ် တစ်ခု ထွက်ရှိ ပြီးတဲ့ အချိန်အနည်းငယ်ကာလအတွင်း မှာ စုံစမ်းရေးကော်မရှင်ဖွဲ့စည်းလေ့ မရှိပါ ဘူး။ ဒါကြောင့် ပြန်လည်ရုပ် သိမ်းပေးပါရန်''ပြောကြားခဲ့သည်။

အဆိုရှင်ဦးသိန်းညွန့်၏ သဘော ထားကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က မေးမြန်းရာတွင် ဦးသိန်းညွန့်က ''အလုပ်သမား ဆိုင်ရာဥပဒေ ၁၆ခု ရှိပါတယ်။ အဲဒီအထဲမှာ အချို့ဥပဒေ တွေဆိုရင် ၁၉၂၃ခုနှစ် အလုပ်သမား လျော်ကြေး ဥပဒေမျိုးတွေ လည်းရှိ နေပါသေးတယ်။ ဒါကြောင့် ဒီဥပဒေ တွေက ခေတ်မီရဲ့ လား၊ အလုပ်ဖြစ်ရဲ့ လား၊ အလုပ်သမားအား လုံးကို လွှမ်း ခြုံနိုင်ရဲ့လားဆိုတာကို စဉ်းစားဖို့ လို ပါတယ်။ အခု လက်ရှိ အလုပ်သမား ဥပဒေနှစ်ခု ထွက်ရှိတဲ့အတွက် ကျေး ဇူးတင်ပါတယ်။ အချိန်ပေးဖို့လိုတယ် ဆိုတာ လည်း သိပါတယ်။ စုံစမ်းရေး ကော်မရှင်ကို ဘယ်နိုင်ငံမှာမှ မရှိဘူး ဆိုတဲ့ အခြားနိုင်ငံက ကျွမ်းကျင်သူ တွေရဲ့ သုံးသပ်ချက် တစ်ခုတည်းနဲ့ ကျွန်တော်တို့နိုင်ငံရေး အနေအထား ကို မဆုံးဖြတ် သင့်ပါဘူး။ ကျွန်တော် တို့နိုင်ငံရေးကို ကျွန်တော်တို့ အတွေး အမြင်နဲ့ လုပ်ဖို့ လိုအပ်ပါတယ်။ဥပဒေ ရှိတာနဲ့ ကျင့်သုံးတာနဲ့တင် နောင် အလုပ်သမား အရေးအခင်း မပေါ် ပေါက်နိုင်ဘူးလို့ ဘယ်သူမှ အာမ မခံနိုင် ပါဘူး။ တိုင်းပြည်ရေးကို ရိုးရိုး သားသားနဲ့ အဖြေရှာဖို့ ဒီလွှတ်တော် ကို တင်ပြရခြင်း ဖြစ်ပါတယ်။ အလုပ် သမားစုံစမ်းရေးကော်မရှင်တစ်ရပ် ကို ဖွဲ့စည်းဖို့အတွက် ကျွန်တော့်အနေ နဲ့ လေးလေး နက်နက် တင်ပြအပ်ပါ တယ်။ ဒါကြောင့် လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ရယူပါတယ်''ဟု ပြောကြား ခဲ့သည်။

လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူသည့်အခါတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ ၃၆၆ဦး၊ ထောက်ခံမဲ ၄၃ဦး၊ ကန့်ကွက်မဲ ၂၂၈ဦး၊ ကြားနေ ခုနစ်ဦး ရှိသဖြင့်လွှတ်တော်မှ သဘောမ တူကြောင်း ဆုံးဖြတ် လိုက် သည်။

No comments:

Post a Comment