ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Thursday, August 02, 2012

ကျန်းမာရေးအခြေနေ စိုးရိမ်ရသဖြင့် ဒေါ်စု လွှတ်တော် ခွင့်ယူ



ရုတ်တရက် ထ ထ ဖေါက်တဲ့ ကျန်းမာရေးအခြေအနေ အလွန်ဆိုးရွားနေပြီး အချိန်မရွေး ဂန့် သွားနိုင်တာကြောင့် ယနေ့ သြဂုတ်လ ၁ ရက်နေ့တွင် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ မတက်နိုင်သဖြင့် အမျိုးသား ဒီမိုကရေစီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ခွင့်ယူထားကြောင်း သတင်းရရှိပါတယ်။


အခြေအနေ တော်တော်ဆိုးတာကြောင့် အနီးအနား ပြုစုရန် အခြား လွှတ်တော် အမတ် နှစ်ဦး ဖြစ်တဲ့ ဒေါ်ဖြူဖြူသင်း နှင့် ဦးအုန်းကြိုင် တို့ ပါ ခွင့်ယူလိုက်ရကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လတွင်း ဥရောပ ခရီးစဉ်မှာလည်း သတင်းစာရှင်းလင်းပွဲလုပ်နေစဉ် အော့အန်လာတာကြောင့် သတင်းစာရှင်းလင်းပွဲ ရပ်လိုက်ရပြီး အားလုံးကို လိုက်တောင်းပန်လိုက်ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် ၆၈ နှစ်ထဲ ဝင်လာပြီ ဖြစ်ပြီး သားအိမ်ခေါင်းကင်ဆာ အပြင် အခြား အမျိုးသမီးရောဂါများ ရှိကြောင်း သိရပါတယ်။

No comments:

Post a Comment