ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Thursday, August 02, 2012

စစ်သင်္ဘော ၅၁ စင်းနှင့်ရေငုပ် သင်္ဘော ၂၄ စင်း ၂ဝ၂ဝ နောက်ဆုံးထား ရုရှား တည်ဆောက် လျက်ရှိ


From : မြဝတီ

ရုရှား နိုင်ငံသည် စစ်သင်္ဘော ၅၁ စင်း နှင့် ဘိုရီ အမျိုးအစား ရေငုပ် သင်္ဘော ရှစ်စင်း အပါအဝင် ရေငုပ် သင်္ဘော ၂၄ စင်းကို ၂ဝ၂ဝ ပြည့်နှစ် နောက်ဆုံး ထား၍ ရေတပ် တွင်အသုံး ပြုနိုင်ရန် စီစဉ်လျက် ရှိသည်ဟု ရုရှား သမ္မတ ဗလာဒီမာ ပူတင် က ဇူလိုင် ၃ဝ ရက်တွင် ပြောကြား ခဲ့ကြောင်း သိရ သည်။

နိုင်ငံ မြောက်ပိုင်းရှိ ဆက်ဗ်မက်ရှ် သင်္ဘော ကျင်းတွင် စတုတ္ထ မြောက် မျိုးဆက် ဘိုရီရေငုပ် သင်္ဘော စတင် ဆောက်လုပ်သည့် အထိမ်းအမှတ် အခမ်းအနား တွင် ပူတင်က ထိုကဲ့သို့ ပြောဆို လိုက်ခြင်း ဖြစ်သည်။

အဆိုပါ ဘိုရီ အမျိုးအစား ရေငုပ် သင်္ဘော ရှစ်စင်းကို အရည် အသွေးမြင့် မားစွာဖြင့် အချိန်မီ ပြီးစီးရန် တည် ဆောက်နိုင် မည်ဟု မျှော်လင့် ကြောင်း ပူတင်က ပြောကြား ခဲ့သည်။ အဆိုပါ စစ်သင်္ဘော များနှင့် ရေငုပ် သင်္ဘောများ အတွက် အစိုးရ အနေဖြင့် အမေရိကန် ဒေါ်လာ ၁၃၆ ဒသမ ၇ ဘီလီယံ ကျော် သုံးစွဲသွား မည်ဖြစ် ကြောင်း သိရသည်။

ရုရှား နိုင်ငံသည် ၂ဝဝ၈ ခုနှစ်တွင် စတင်ခဲ့သည့် လက်နက် ပြန်လည် တပ်ဆင်ရေး အစီအစဉ် အရ ၂ဝ၂ဝ ပြည့် နှစ်မတိုင်မီ အထိ အမေရိကန် ဒေါ်လာ ၆၈ဝ ဘီလီယံ ခန့် သုံးစွဲ သွားရန် မျှော်မှန်း ထားကြောင်း သိရသည်။

No comments:

Post a Comment