ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, August 20, 2012

ပဲခူးတိုင်း သဲကုန်းတွင် တောင်သူလယ်သမားကွန်ရက်ဖွဲ့

ပဲခူးတိုင်း ပြည်ခရိုင် သဲကုန်းမြို့မှာ တောင်သူလယ်သမားအထောက်အကူပြု ကွန်ရက်ကို လယ်သမား ၅၀ ခန့် စုဝေးတိုင်ပင်ပြီး ဒီနေ့ရက်စွဲနဲ့ ဖွဲ့စည်းခဲ့တယ်လို့ ကွန်ရက်ဥက္ကဋ္ဌ ဦးအုန်းဟန်က ပြောပါတယ်။

ကွန်ရက်မှာပါတဲ့ လယ်သမားတွေဟာ အုတ်ဖိုအုပ်စု အောင်ကုန်းရွာနဲ့ သင်တောရွာ၊ စောက်ခြုံကြီးအုပ်စု စောက်ခြုံကြီးရွာနဲ့ ကျပင်းရွာ၊ မင်းလှအုပ်စု မင်းလှရွာ စတာတွေအပါအ၀င် သဲကုန်းမြို့နယ်အတွင်းက ကျေးရွာအုပ်စု ၁၃ စုက လယ်သမားတွေ ဆွေးနွေးဖွဲ့စည်းလိုက်တာလို့ ဆိုပါတယ်။
လယ်သမားတွေ အကျိုးအတွက် ပြောဆိုတင်ပြနိုင်အောင် ဖွဲ့စည်းခဲ့တာလို့ ရှင်းပြပါတယ်။ လတ်တလော လယ်သမားတွေ ကြုံနေရတာကိုလည်း ဦးအုန်းဟန်က အခုလို ပြောပါတယ်။
“သဲကုန်းမြို့နယ်အတွင်းမှာ လယ်ယာမြေသိမ်းဆည်းခံရခြင်း၊ ရေလွှမ်းမိုးမှုကြောင့် လယ်ယာမြေများရေနစ်မြုပ်ခြင်း၊ ရွာများအတွင်းရေလွှမ်းခြင်း၊ စိုက်ပျိုးစရိတ်ချေးငွေ အချိန်မီမရခြင်းတို့ကြောင့် နိုင်ငံတော်အဆင့်ဆင့်ကို တင်ပြတောင်းဆိုခဲ့တယ်။ အခုအချိန်ထိ တာဝန်ရှိသူများဘက်က ထိရောက်စွာ ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိသေးသည့်အတွက် တောင်သူလယ်သမားတွေရဲ့ အကျိုးစီးပွားကို ကူညီဖြေရှင်းပေးရန်၊ တောင်သူလယ်သမားအထောက်အကူပြု ကွန်ရက်ကို ဩဂုတ်လ ၁၈ ရက် ၂၀၁၂ ခုနှစ်တွင် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် သဲကုန်းမြို့နယ်တွင် စတင်ဖွဲ့စည်းလိုက်ပါပြီ။”
ကွန်ရက်ဖွဲ့ရတဲ့ ရည်ရွယ်ချက်ကတော့  အမြဲကြုံနေရတဲ့ ဆည်ရေကြီးမှုကို အာဏာပိုင်တွေ သိအောင် ဆောင်ရွက်ပေးဖို့၊ အသိမ်းဆည်းခံရတဲ့ လယ်ယာမြေကိစ္စတွေ ဆောင်ရွက်ပေးဖို့၊ စိုက်ပျိုးစရိတ်၊ ပိုးသတ်ဆေးနဲ့ အမတော်ကြေးစတာတွေကို အချိန်မီရရှိအောင် ဆောင်ရွက်ပေးဖို့၊ ဒေသတွင်း တောင်သူတွေ လမ်း၊ ဖုန်း ဆက်သွယ်ရေး၊ မီး ရရှိအောင် ဆောင်ရွက်ပေးဖို့၊ ဒေသအထွေထွေဖွံးဖြိုးမှုဆောင်ရွက်ပေးရေးနဲ့ လတ်တလော ပေါ်ပေါက်နေတဲ့ သဘာဝဘေးအန္တရာယ်တွေကို ကူညီဆောင်ရွက်ပေးရေးနဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုဖူလုံရေးတွေကိုလည်း တတ်နိုင်သလောက် ဆောင်ရွက်ရေးဖြစ်တယ်လို့ ဆိုပါတယ်။

from-DVB

No comments:

Post a Comment