
မြန်မာနိုင်ငံ၏
လျှပ်စစ်ရရှိရေးကိစ္စများကို ထပ်မံပြည့်ဝအောင်လုပ်ဆောင်သွားရန်
ပြုလုပ်သွားမည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှပြည်ထောင်စုဝန်ကြီး
ဦးသန်းဌေးကပြောသည်။ယခင်ထက် စွမ်းအင်ပြည့်ဝရန်
အကြံဥာဏ်များစဉ်းစားနေကြောင်း၊နိုင်ငံခြားတိုင်းပြည်များနှင့်
ချုပ်ဆိုထားသော စာချုပ်ကိစ္စများရှိနေသေးကြောင်း ၄င်းက
ထပ်လောင်းပြောသည်။ပထမ အကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ၃၀
ရက်မြောက်နေ့ကို ယနေ့တွင် ကျင်းပရာ၌ ရန်ကုန်တိုင်းဒေသကြီးမဲ ဆန္ဒနယ်
အမှတ်(၆)မှ ဒေါက်တာတင်ရွှေ၏ရန်ကုန်တွင်
လျှပ်စစ်မီးပြတ်တောက်ခဲ့သောအခြေအနေနှင့် ပတ်သတ်၍
သဘာဝဓါတ်ငွေ့နှင့်လေဆီများထွက်သည့်အောင်သင်္ခ(၂) ၊ရှာဖွေရေးတွင်းအား
ထိုင်းနိုင်ငံ
ကုမ္ပဏီတွင်းတူးစက်ဖြင့် တူးလျက်ရှိရာ တွင် အောင်မြင်မှု
ရှိမရှိနှင့် စပ်လျဉ်သည့်မေးခွန်းကို ၄င်းက ယင်းသို့ဖြေကြားခဲ့သည်။
ထို့ပြင် (၁) မန္တလေးတိုင်း၊သာစည်မြို့နယ်၊ယင်းမာပင် ကျေးရွှာရှိအခြေခံပညာ
အထက်တန်းကျောင်းခွဲအား အထက်တန်းအဆင့်တိုးမြင့်ပေး ရန်ကိစ္စ၊(၂)
မကွေးတိုင်းချောက်မြို့နယ်၊ရွာမကျေးရွာရှိ မူလွန်ကျောင်းကို
အလယ်တန်းကျောင်းခွဲ အဖြစ်အဆင့်တိုးပေးရန်၊(၃) မိတ္ထီလာ မြို့နယ်
ရေဝေအထက်တန်းကျောင်းခွဲကို အထက်တန်းကျောင်းအဖြစ်တိုးမြင့်ပေးရန်၊(၄)
ကချင်ပြည်နယ်၊ဖားကန့်မြို့နယ် ဟောင်ပါး ကျေးရွာ တွဲဖက် အထက်တန်းကျောင်းကို
အထက်တန်းကျောင်းခွဲ အဖြစ် အဆင့်မြင့်ပေးရန် အမျိုးသားလွှတ်တော်
ကိုယ်စားလှယ်၎ဦး တို့က စသည့်မေးခွန်းတို့ကို မေးမြန်းပြီးပြည်ထောင်စု
အဆင့်မှ ပြန်လည်ဖြေကြားရာတွင် ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စု ဒုဝန်ကြီး က
မေးခွန်း(၁)၊(၂) တို့တွင် အစီစဉ် မရှိသေးကြောင်းနှင့် မေးခွန်း(၃) နှင့်
(၄) တို့အား လာမည့် ၂၀၁၃.၁၄ ခုနှစ် ပညာသင်နှစ်တွင်
တိုးမြင့်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းဖြေကြားခဲ့သည်။ —
No comments:
Post a Comment