ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, August 20, 2012

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် နယ်စပ်အမြောက်တပ် ကြည့်ရှုစစ်ဆေး


မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်သည် တောင်ကိုရီးယားနှင့်  အမေရိကန် ပူးတွဲ စစ်ရေးလေ့ကျင့် မှုများ မပြုလုပ်မီ နယ်စပ်ရှိ အမြောက်တပ် စခန်းကို စစ်ဆေးခဲ့ကြောင်း သြဂုတ် ၁၈ ရက်က သတင်းမီဒီယာတွင် ဖော်ပြ ထားသည်။
ကင်ဂျုံအွန်သည် မြောက်ကိုရီးယား နယ်စပ်မူ ကျွန်းစုအပေါ်တွင် တပ်စွဲထားသည့် ကိုရီးယားပြည်သူ့တပ် မတော်မှ အမြောက် တပ်ဖွဲ့ကို စစ်ဆေး ခဲ့ခြင်းဖြစ်ပြီး အဆိုပါစခန်းမှ တပ်ဖွဲ့ဝင် များအား ချီးကျူးခဲ့ သည်ဟု သိရသည်။

တောင်ကို ရီးယားနှင့် အမေရိကန် နိုင်ငံတို့သည် ၎င်းတို့၏ နှစ်စဉ်ပြုလုပ်မြဲ ဖြစ်သည့် စစ်ရေးလေ့ကျင့် မှုကို နှစ်စဉ် သြဂုတ် ၂ဝ ရက်မှ ၃၁ ရက်အတွင်း ပြုလုပ်လေ့ရှိပြီး အဆိုပါ စစ်ရေးလေ့ကျင့် မှုတွင် တောင်ကိုရီးယား နိုင်ငံမှ တပ်ဖွဲ့ဝင် ၅၆ဝဝဝ ဦးနှင့် အမေရိကန် စစ်သည် ၃ဝဝဝဝ  ခန့် ပါဝင်ခဲ့ကြောင်း သိရသည်။

from-မြ၀တီ

No comments:

Post a Comment