ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, August 20, 2012

ဒေးဗစ် ဘက်ခမ်း၏ နေရာတွင် အစားထိုး ဝင်ရောက်ဖွယ် ရှိသည့် ရီးယဲလ် ကွင်းလယ် ဖန်တီးရှင် ကာကာ


ဘရာဇီး လက်ရွေးစင် ကစားသမား ကာကာကို လော့စ်အိန်ဂျ လိစ်ဂလက် ဆီအသင်းက ဒေးဗစ်ဘက် ခမ်း၏ နေရာတွင် အစားထိုး နိုင်ဖွယ်ရှိသော ကစားသမား တစ်ဦးအဖြစ် ခေါ်ယူရန် ကြိုးပမ်းလျက် ရှိသည်ဟု သတင်း ထုတ်ပြန်ချက် များအရ သိရသည်။
အဆိုပါ အမေရိကန် ကလပ်အသင်း သည် ရီးယဲလ် ကွင်းလယ် ဖန်တီးရှင် ကာကာကို ဘက်ခမ်း၏ တာဝန် ကို လွှဲပြောင်း ယူမည့်သူအဖြစ် ကျိန်းသေ ရွေးချယ်ထားပြီး ဖြစ်ကြောင်း ၎င်းတို့၏ သတင်း ထုတ်ပြန်ချက် များတွင် ဖော်ပြ ထားသည်။  
အသက် ၃၇ နှစ်ရှိ ဘက်ခမ်းသည် ၎င်း၏လက်ရှိ စာချုပ် သက်တမ်း တိုးမြှင့်ရေးနှင့် ပတ်သက်၍ ချီတုံချတုံဖြစ် လျက်ရှိပြီး အဆိုပါ စာချုပ်မှာ ဒီဇင်ဘာလတွင် သက်တမ်း ကုန်ဆုံးမည် ဖြစ်သည်။
အကယ်၍  ဒေးဗစ် ဘက်ခမ်း အနားယူတော့ မည်ဆိုပါက ဂလက်ဆီ အသင်းသည် ကာကာကိုခေါ်ယူရေးအတွက် ယူရို ၂၇ သန်း ကုန်ကျမည် ဖြစ်ကြောင်း သတင်းထုတ် ပြန်ချက်တွင် ဖော်ပြ ထား သည်။
အသက် ၃ဝ နှစ်ရှိ ကာကာသည် ၂ဝဝ၇ ခုနှစ်က ဖီဖာ၏ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို ရရှိထားသူဖြစ် ပြီး မကြာသေးမီ သီတင်းပတ်များအတွင်းက၎င်း၏ကလပ် အသင်းဟောင်း ဖြစ်သည့် အေစီမီ လန်အသင်းကလည်း ၎င်းကိုပြန်လည်ခေါ် ယူရန်ဆက်သွယ်မှုများ ပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။         
     
from-MWD

No comments:

Post a Comment