ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, August 20, 2012

ငါးမွေးကန်ကျိုးပေါက် ဇီးကုန်းရေကြီး




ရန်ကုန်မြောက်ပိုင်းခရိုင် ရွှေ ပြည်သာမြို့ (၂၄)ရပ်ကွက် ဇီးကုန်း အင်းပေါက်စုအပိုင်းတွင် သြဂုတ် လ (၁၉)ရက်နေ့က အိမ်ခြေ ၃၀၀ခန့် ရေတက်၍ တချို့နေရာ တွင် (၂ပေ-၃ပေ)ခန့် တချို့နေရာ တွင် (၄ပေ-၅ပေ)ခန့် ရေကြီးခဲ့ပါ သည်။

ဖြစ်စဉ်မှာ ၁၉ ရက်နေ့နံနက် (၃)နာရီခန့်တွင် မင်္ဂလာဆေး တက္ကသိုလ်၏ ၅ဧကခန့်ရှိ ရေကန် သည် ၁၀ပေအကျယ်ခန့် ကျိုး ပေါက်ခဲ့ရာမှ အနိမ့်ပိုင်းဖြစ်သော ဇီးကုန်းအင်းပေါက်စုအပိုင်းသို့ ရေများရောက်ရှိခဲ့ပြီး မင်္ဂလာဒုံ တပ်မတော် ဆေးတက္ကသိုလ်ရှေ့ ကားလမ်းနှင့် ဇီးကုန်းရွှေမြို့ဝင် ဘုန်းတော်ကြီးကျောင်းရှေ့အမှတ် (၄)လမ်းမကြီးပေါ်တွင် ရေများ ရောက်ရှိခဲ့ပါသည်။
ရွှေမြို့ဝင်ဘုန်းတော်ကြီး ကျောင်းတွင်ရေဘေး ကယ်ဆယ် ရေးစခန်းဖွင့်ထားရာ အိမ်ထောင် စု(၁၃၄)စု၊ကလေး(၁၄၉)ယောက် လူကြီး (၃၉၇) ယောက် စုစုပေါင်း  (၅၄၆)ယောက် ရောက်ရှိလာပြီး ကျန်လူများက မိမိနေအိမ်များတွင် အဆင့်ထိုး၍နေကြသည်။ ၎င်းင်း နေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး နှင့်အဖွဲ့ဝင်များ၊ ရဲမှူးနှင့် ရဲတပ် ဖွဲ့ဝင်များ၊ ကျန်းမာရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ခွဲမှူး နှင့် အဖွဲ့ဝင်များ၊ မီးသတ်ဦးစီးမှူး နှင့်အဖွဲ့ဝင်များ၊ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များ၊ကလေး သူငယ်ကာကွယ်စောင့်ရှောက်ရေး (CPG) အဖွဲ့ဝင်များ၊ ရပ်ကွက် လူငယ်များစုပေါင်း၍ ကူညီဆောင် ရွက်ကြသည်။
ရေဘေးကယ်ဆယ်ရေးစခန်း သို့ တပ်မတော်ဆေးတက္ကသိုလ်၊ အနီးပတ်ဝန်းကျင် ရပ်ကွက်များ နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (ရွှေပြည်သာ)တို့မှ ထမင်း ထုပ်များ၊ ရေသန့်ဗူးများ လာ ရောက် ပေးဝေသွားကြောင်းသိရ သည်။

from-Hot News

No comments:

Post a Comment