ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, August 20, 2012

စပိန်လဆင်းယာဉ် ၂ဝ၁၄ တွင် တရုတ်လွှတ်တင်မည်


တရုတ်နိုင်ငံ၏ ဂရိတ်ဝေါ ကော်ပိုရေးရှင်းသည် စပိန်လဆင်းယာဉ်ကို ၂ဝ၁၄ ခုနှစ် ဇွန်လအတွင်း လွှတ်တင် မည်ဖြစ်ကြောင်း ဂူဂဲလ်၏ Lunar X Prize ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်သည့် ဘာစီလိုနာလ အသင်းကို ကြီးကြပ်သည့် Galactic Suite ကုမ္ပဏီက ပြောကြားခဲ့ကြောင်း သိရသည်။
ဘာစီလိုနာ အသင်းသည် ဂူဂဲလ်၏ Lunar X Prize ပြိုင်ပွဲတွင် ပါဝင် ည့် စပိန်နိုင်ငံ၏ တစ်ခုတည်းသော အသင်းဖြစ်ပြီး ၄င်းပြိုင်ပွဲ၏ သတ်မှတ်ချက်အရ လဆင်းယာဉ် တစ်စင်းကို ဖန်တီးပြုလုပ်ပြီး လပေါ်သို့စေ လွှတ်ရမည် ဖြစ်ပြီး ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလမတိုင်မီ လပေါ်မှ တိုက်ရိုက်ပုံရိပ်များပေးပို့ရ မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါလဆင်းယာဉ်ကို Long March 2C/ CTS-2 ဒုံးပျံဖြင့် စီချွမ်ဂြိုဟ်တု လွှတ်တင်ရေးစခန်းမှ လွှတ်တင်မည် ဖြစ်ကြောင်း သိရသည်။

from-မြ၀တီ

No comments:

Post a Comment